ဆာလံ 139:18Common Language Bibleထိုအကြံအစည်တော်တို့ကိုကျွန်တော်မျိုး ရေတွက်ရမည်ဆိုသော် ယင်းတို့သည်သဲလုံးများထက်များပါလိမ့်မည်။ အိပ်ရာမှနိုးထသောအခါ၌ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်နှင့်အတူရှိနေဦးမည်။ အခန်းကိုကြည့်ပါ။ |
ရေတွက်၍မရနိုင်အောင်များမြောင်သော ဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအား လိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။