ဆာလံ 139:17Common Language Bibleအို ဘုရားသခင်၊ ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် ကျွန်တော်မျိုးအတွက်ခက်ခဲနက်နဲလှပါ၏။ ယင်းတို့သည်များပြားလှပါသည်တကား။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-