Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 138:3

Common Language Bible

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဒုက္ခ​ရောက်​၍​ဘု​ရား​သ​ခင်​အား လျှောက်​ထား​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​အား​လျှောက် ထား​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှ​ငါ​၏ အ​သံ​ကို​ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။ ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့် ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား စွမ်း​အား​ပေး​တော်​မူ​၏။ သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကောင်း​ချီး မ​င်္ဂလာ​ကို​ပေး​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​မှီ​တွယ် ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရုံး​တော်​သည်​လည်း ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား တော်​မူ​ပါ​၏။

``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

သူ​တို့​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြီး​မ​ဆုံး မီ​၌​ပင်​လျှင် ငါ​သည်​သူ​တို့​၏​ပန်​ကြား​ချက် ကို​နား​ညောင်း​မည်။-

ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။

နောက်​တစ်​ဖန်​လူ​သဏ္ဌာန်​ရှိ​သော​သူ​သည်​ငါ့ ကို​ဆွဲ​ကိုင်​လိုက်​သော​အ​ခါ ငါ​သည်​အား ရှိ​လာ​၏။-

ထို​သူ​က``ဘု​ရား​သ​ခင်​သည်​သင့်​ကို​ချစ် မြတ်​နိုး​တော်​မူ​၏။ ထို့​ကြောင့်​မ​စိုး​ရိမ်​နှင့်၊ မ​ကြောက်​လန့်​နှင့်'' ဟု​ဆို​၏။ ဤ​စ​ကား​ကို ကြား​သော​အ​ခါ​ငါ​သည်​ပို​၍​အား​ရှိ​လာ ပြီး​လျှင်``အ​ရှင်၊ အ​ရှင်​မိန့်​ကြား​ရန်​ရှိ​သည် ကို​မိန့်​တော်​မူ​ပါ။ အ​ရှင်​သည်​အ​ကျွန်ုပ် အား​သက်​သာ​စေ​တော်​မူ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။

ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ကြံ့​ခိုင်​စေ​မည်။ သူ​တို့​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​လျက် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်'' ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သည့် စ​ကား​ဖြစ်​၏။

ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား စိတ်​ဋ္ဌာတ်​ကြံ့​ခိုင်​လာ​စေ​စိမ့်​သော​ငှာ​ဝိ​ညာဉ် တော်​အား​ဖြင့်​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​သ​နား တော်​မူ​ရန်​ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ကြံ့​ခိုင် ခြင်း​ရှိ​ကြ​ရန်​ငါ​နောက်​ဆုံး​မှာ​ကြား​လို​၏။-

ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။

သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-

သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။-

ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ