ဆာလံ 138:2Common Language Bibleကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏မြင့်မြတ် သန့်ရှင်းသောဗိမာန်တော်ကိုမျက်နှာမူလျက် ဦးညွှတ်ပျပ်ဝပ်ကာကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်နှင့်သစ္စာတော်ကြောင့်နာမတော်ကို ထောမနာပြုပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်၏ နာမတော်နှင့်ကတိတော်တို့သည် အထွတ်အမြတ်ဆုံးဖြစ်ကြောင်းပြသ တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။