Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 132:16

Common Language Bible

ဤ​မြို့​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​ဆောင်​ရွက်​လေ​သ​မျှ တို့​ကို ကောင်း​ချီး​ပေး​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ထ​တော် မူ​၍​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို​သ​ရုပ်​ဆောင် သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ ဗိ​မာန်​တော် ထဲ​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ကာ​လ​အ​စဉ်​အမြဲ စံ​နေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။-

ကိုယ်​တော်​ရှင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မှန်​ကန်​ရာ​ကို အ​မြဲ​ပြု​ကျင့်​နိုင်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ဝမ်း​မြောက် ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​ပါ​စေ​သော။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သူ​ယုတ်​မာ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပြို​လဲ​ပျက်​စီး​စေ​ရန်​ကြံ​စည်​သူ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​လုံ​ခြုံ​စွာ ထား​တော်​မူ​ပါ။

ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား​တို့ သည် ငါ့​အား​မု​သား​စ​ကား​ပြော​ဆို​၍​လှည့် စား​ကြ​ပြီ။ ယု​ဒ​ပြည်​သား​တို့​သည်​သန့်​ရှင်း မြင့်​မြတ်​၍​သစ္စာ​တော်​တည်​မြဲ​သော​ငါ ဘု​ရား​သ​ခင်​အား​ပုန်​ကန်​နေ​ကြ​သေး​၏။

ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။

ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။''

သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​စေ​ရန် ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ သ​ဖြင့် ခ​ရစ်​တော်​ကို​အ​ဝတ်​တန်​ဆာ​သ​ဖွယ် ဝတ်​ဆင်​ကြ​ရ​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ