ဆာလံ 132:15Common Language Bibleငါသည်ဇိအုန်မြို့ကိုလိုလေသေးမရှိအောင် အစာရေစာပေါများသောမြို့ဖြစ်စေမည်။ ဤမြို့မှဆင်းရဲသူတို့အားဝအောင်ကျွေးမွေး မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''