Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:87

Common Language Bible

သူ​တို့​သည်​ကွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ရာ​တွင် အောင်​မြင်​လု​နီး​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​လစ်​လူ​မ​ရှု​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဟု​ရှဲ​က``လူ​တစ်​ယောက်​ကို​စေ လွှတ်​၍​ဒါ​ဝိဒ်​မင်း​အား`တော​ကန္တာ​ရ​ကူး​တို့ ဆိပ်​တွင်​ညဥ့်​အိပ်​တော်​မ​မူ​ပါ​နှင့်။ ယော်​ဒန် မြစ်​တစ်​ဘက်​ကမ်း​သို့​ချက်​ချင်း​ကူး​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​အ​ရှင်​နှင့်​အ​ရှင့်​လူ တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​ပါ လိမ့်​မည်' ဟု​လျှောက်​ထား​စေ​လော့'' ဟု​မှာ ကြား​လေ​သည်။

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​ကို အ​စဉ်​ပင် ကဲ့​ရဲ့​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပါ။

သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ထား​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တရား​တော် ကို မ​မေ့​မ​လော့​ပါ။

သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။

ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။-

သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​ကျွန်ုပ်​အား​အ​ဘယ် မျှ​ခင်​မင်​သည်​ကို သင်​၏​ခ​မည်း​တော်​ကောင်း စွာ​သိ​ပါ​၏။ သင်​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​မည်​စိုး​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ကြံ အ​စည်​ကို​သင့်​အား​မ​ပြော​ကြား​ဘဲ​နေ လေ​ပြီ။ ကျွန်ုပ်​သည်​သေ​ဘေး​နှင့်​ခြေ​တစ် လှမ်း​မျှ​သာ​ကွာ​တော့​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင် တည်​၍​သင့်​အား​ကျိန်​ဆို​ဖော်​ပြ​ပါ​၏'' ဟု​ပြန်​ပြော​၏။

ယ​နေ့​အ​ရှင်​၏​အ​သက်​ကို​အ​ကျွန်ုပ်​ချမ်း​သာ ပေး​ခဲ့​သည့်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​၏​အသက်​ကို​ချမ်း​သာ​ပေး​၍ ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​စေ သော'' ဟူ​၍​ဖြစ်​၏။

သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​သည်​မင်း​ကြီး​အား ဘေး​အန္တ​ရာယ်​မ​ပြု​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ဘေး အန္တ​ရာယ်​ပြု​သူ​မည်​သူ​ကို​မ​ဆို​ဧ​ကန်​မု​ချ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ