Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:86

Common Language Bible

ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​စိတ်​ခ​ယုံ​ကြည်​ရ​ပါ​၏။ လူ​တို့​သည်​မု​သား​ပြော​ဆို​လက်​ကွန်​တော်​မျိုး​အား နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။

သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော် ရှိ​သ​မှ​တို့​ကို​စောင့်​ထိန်း​၍ လမ်း​မှား​ရှိ​သ​မှ​တို့​ကို​မုန်း​ပါ​၏။

ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော နည်း​ဥ​ပ​ဒေ​သ​တော်​တို့​သည်​လုံး​ဝ တ​ရား​မှ​တ​၍​မှန်​ကန်​ပါ​၏။

ကိုယ်​တော်​ရှင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည်​အ​စဉ် မှန်​ကန်​ပါ​၏။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​မှန်​ကန်​ပါ​၏။

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​၏​လက်​မှ ကယ်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။

ကျွန်​တော်​မျိုး​၏​ရန်​သူ​လူ​လိမ်​လူ​ညာ​များ အား ကျွန်​တော်​မျိုး​အ​ရေး​ရှုံး​နိမ့်​မှု​ကို​အ​ကြောင်း ပြု​ကာ နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ နှင့်။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​အား ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​မှု​ကို​အ​ကြောင်း​ပြု​၍ လှောင်​ပြောင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက် ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။

ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ကျန်း​မာ သန်​စွမ်း​ကြ​ပါ​၏။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အား​မုန်း​သူ​တို့​သည် များ​ပြား​ကြ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​လျက် ဆင်း​ရဲ​၍​နေ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ထံ​သို့​လျင်​မြန်​စွာ​ကြွ​လာ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ကျွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။

ကောင်း​ကျိုး​ကို​ဆိုး​ကျိုး​ဖြင့်​ပေး​ချေ​သင့်​ပါ မည်​လော။ သို့​ပါ​လျက်​သူ​တို့​သည်​ကျွန်​တော် မျိုး​လိမ့်​ကျ​စေ​ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​လာ​၍​သူ တို့​အား​အ​မျက်​တော်​နှင့်​ဆက်​ဆံ​တော်​မ​မူ ရန် သူ​တို့​ကိုယ်​စား​အ​ဘယ်​သို့​ပြန်​ကြား လျှောက်​ထား​ခဲ့​သည်​ကို​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ။-

ထို့​ကြောင့်​ပ​ညတ်​တ​ရား​သည်​မြင့်​မြတ်​သန့်​ရှင်း ၏။ ပ​ညတ်​တော်​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း မှန်​ကန်​ကောင်း​မြတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ