ငါသည်အသံကျယ်စွာထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ပရိသတ်တို့အလယ်တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
သူတို့သည်ကိုယ်တော်ကြီးမြတ်တော်မူပုံကို လူတို့ စုဝေးရာအရပ်၌ထုတ်ဖော်ကြေညာကြရပေမည်။ ခေါင်းဆောင်များအစည်းအဝေး၌ကိုယ်တော်ကို ထောမနာပြုကြရပေမည်။
ထာဝရဘုရားအားထောမနာပြုလော့။ ငါသည်ထာဝရဘုရား၏လူစုတော် အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူး တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည် ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။
ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်၏ လူစုတော် အစည်းအဝေးတွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူပရိသတ်ကြီး၏ရှေ့တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက် ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော ထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုဖော်ပြပါမည်။
သခင်ယေရှုက၊ ``အကျွန်ုပ်သည်ကိုယ်တော်ပြုတော်မူသော အမှုကို အကျွန်ုပ်၏ညီအစ်ကိုတို့အားပြောကြားပါမည်။ သူတို့၏အစည်းအဝေးတွင်ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးမည်'' ဟုဘုရားသခင်အားမိန့်တော်မူ၏။-