Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 109:29

Common Language Bible

ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဂုဏ်​အ​သ​ရေ ပျက်​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​အ​ရှက်​နှင့်​မိ​မိ​တို့​ကိုယ်​ကို ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​ရ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။

သူ​၏​ရန်​သူ​တို့​ကို​အ​ရှက်​ကွဲ​စေ​မည်။ သူ​၏​နိုင်​ငံ​မူ​ကား​စည်​ပင်​သာ​ယာ​ဖွံ့​ဖြိုး တိုး​တက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။

ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည် မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။ မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟု ပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။

ငါ​၏​ရန်​သူ​တို့​သည်​အ​ရှက်​တ​ကွဲ အ​ရေး​နိမ့်​ကြ​လိမ့်​မည်။ သူ​တို့​သည်​တစ်​ခ​ဏ​ချင်း​တွင်​က​စဥ့်​က​ရဲ​ဖြစ်​လျက် ပြေး​ရ​ကြ​လိမ့်​မည်။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် စွမ်း​ရည်​တန်​ခိုး​ကြီး​မား​သော​စစ်​သည်​တော် ကဲ့​သို့ ကျွန်​တော်​မျိုး​ဘက်​၌​ရှိ​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့ သည် ခြေ​ချော်​၍​လဲ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ​အ​နိုင် ရ​လိမ့်​မည်​မဟုတ်​ပါ။ သူ​တို့​သည်​အောင်​မြင်​မှု​မရ​နိုင်​သ​ဖြင့် အ​စဉ်​ပင် အ​သ​ရေ​ပျက်​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​အ​သ​ရေ​ပျက်​မှု​သည်​အ​ဘယ်​အခါ ၌​မျှ မေ့​ပျောက်​သွား​လိမ့်​မည်​မ​ဟုတ်​ပါ။

သေ​လွန်​သူ​အ​မြောက်​အ​မြား​တို့​သည်​ပြန် ၍ အ​သက်​ရှင်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့ အ​နက်​အ​ချို့​သော​သူ​တို့​သည်​ထာ​ဝ​ရ အ​သက်​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​ချို့ တို့​မှာ​မူ​ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။-

ထို​အ​ခါ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟူ​၍​ပြောင် လှောင်​ကာ​မေး​မြန်း​ကြ​သော​ငါ​တို့​၏​ရန်​သူ များ​သည် ဤ​အ​မှု​ကို​မြင်​၍​အ​ရှက်​ကွဲ ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့် သ​ဖြင့်​လမ်း​ပေါ်​မှ​ရွှံ့​သ​ဖွယ်​နင်း​ချေ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​တို့​မြင်​ရ​လိမ့် မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ