ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
ငါသည်ဇိအုန်မြို့ကိုလိုလေသေးမရှိအောင် အစာရေစာပေါများသောမြို့ဖြစ်စေမည်။ ဤမြို့မှဆင်းရဲသူတို့အားဝအောင်ကျွေးမွေး မည်။
ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
ငယ်ရွယ်သူမိတ်ဆွေတို့၊ငါ့ထံသို့လာ၍ ငါ့စကားကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်ရန် သင်တို့အားငါသင်ကြားပေးမည်။
ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်မောပန်းနွမ်းနယ်သူတို့ကိုလန်းဆန်း စေ၍ဆာလောင်မွတ်သိပ်သဖြင့် အားအင်ချိ နဲ့သူတို့ကိုဝပြောစွာကျွေးတော်မူမည်။-
``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။