ဆာလံ 107:8Common Language Bibleသူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ်ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုရ ကြပေမည်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ အဘယ်မျှကောင်းလိမ့်မည်နည်း။ ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။ အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင် ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။