Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 107:41

Common Language Bible

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-

သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။

အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။

ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊

ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။

သင်သည်အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွါးလိမ့်မည်။

သင်​သည်​မြေး​များ​ရ​ရှိ​လာ​သည်​တိုင်​အောင် အ​သက်​ရှည်​ပါ​စေ​သော။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။

ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို သိုး​ထိန်း​သ​ဖွယ်​ရှေ့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို ဖြတ်​၍​ပို့​ဆောင်​တော်​မူ​၏။

မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။

``ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​လူ​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ငါ​ပြည့်​နှက်​စေ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ ထာ​ဝ​ရ​ဘုရား​မြွက်​ဆို​၏။-

သူ​တို့​သည်​ခံ​နိုင်​ရည်​ရှိ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​မင်္ဂ​လာ​ရှိ​သူ​များ​ဟူ​၍​ငါ​တို့ ခေါ်​ကြ​၏။ ယော​ဘ​မည်​သို့​ခံ​နိုင်​ရည်​ရှိ​သည် ကို​သင်​တို့​ကြား​သိ​ခဲ့​ကြ​လေ​ပြီ။ နောက်​ဆုံး​၌ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ကြည့်​ရှု တော်​မူ​ကြောင်း​ကို​လည်း​သင်​တို့​သိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည် သ​နား​ကြင်​နာ​တော်​မူ​၍​က​ရု​ဏာ တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သော​ကြောင့်​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။

ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ