Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 107:40

Common Language Bible

ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍ လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။

မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။

မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။

လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။

မိ​မိ​၏​ရန်​သူ​များ​ကို​ထာ​ဝ​စဉ်​အ​ရှက်​ကွဲ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။

ထို့​ကြောင့်​အာ​ရုန်​သည်​တောင်​ဝှေး​ဖြင့်​မြေ ကြီး​ကို​ရိုက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မြေ​မှုန့် ရှိ​သ​မျှ​သည်​တော​ခြင်​ဖြစ်​လာ​၍ လူ​နှင့် တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ်​လေ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မှက်​ကောင်​အုပ်​ကြီး​များ ကို​ဘု​ရင်​၏​နန်း​တော်၊ မှူး​မတ်​တို့​၏​အိမ်​များ နှင့်​အီ​ဂျစ်​တစ်​ပြည်​လုံး​သို့​စေ​လွှတ်​တော်​မူ ၏။ မှက်​ကောင်​များ​ကြောင့်​တိုင်း​ပြည်​ပျက် ရ​လေ​၏။

မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-

ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။

ထို​ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ချက်​ချင်း​ပင် ဖြစ်​ပျက်​လာ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် လူ​အ​သိုင်း​အ​ဝိုင်း​မှ အ​နှင်​ခံ​ရ​၍​နွား​ကဲ့ သို့​မြက်​ကို​စား​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​အ​ပေါ် သို့​လည်း​ဆီး​နှင်း​များ​ကျ​လာ​လေ​သည်။ သူ ၏​ဆံ​ပင်​သည်​လင်း​ယုန်​၏​အ​မွေး​အ​တောင် ကဲ့​သို့​လည်း​ကောင်း၊ သူ​၏​လက်​သည်း​ခြေ သည်း​တို့​သည်​လည်း​ငှက်​ခြေ​သည်း​များ ကဲ့​သို့​လည်း​ကောင်း​ရှည်​လာ​လေ​သည်။

ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။

``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

သင်​တို့​သည်​ရှင်​ဘု​ရင်​တို့​၏​အ​သား၊ ဗိုလ်​ချုပ် ကြီး​တို့​၏​အ​သား၊ စစ်​သူ​ရဲ​တို့​၏​အ​သား၊ လူ ကြီး​လူ​ငယ်၊ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​တို့​၏ အ​သား​ကို​စား​ကြ​ရ​လတ္တံ့'' ဟု​အ​သံ​ကျယ် စွာ​ကြွေး​ကြော်​လေ​သည်။

သိ​သ​ရ​သည်​အ​လွန်​မော​ပန်း​သ​ဖြင့်​အိပ် ပျော်​သွား​လေ​သည်။ ထို​အ​ခါ​ယေ​လ​သည်​တူ တစ်​လက်​နှင့်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ချောင်း​ကို​ယူ​၍ သူ့​ထံ​သို့​တိတ်​ဆိတ်​စွာ​သွား​ပြီး​လျှင်​ငုတ် ချွန်​ကို​မြေ​၌​စွဲ​သည်​တိုင်​အောင်​သူ​၏​နား ထင်​သို့​ရိုက်​သွင်း​လိုက်​လေ​သည်။-

သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-

ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင် သူ​တို့​က``သင်​တို့​သည်​ဘု​ရင်​ငါး​ပါး​ကို​တစ် ပါး​လျှင် ရွှေ​အ​နာ​စိမ်း​ရုပ်​ငါး​ခု​နှင့်​ရွှေ​ကြွက် ရုပ်​ငါး​ခု​ပြု​လုပ်​၍​ပေး​လှူ​ရ​ကြ​မည်။ ဘု​ရင် ငါး​ပါး​နှင့်​သင်​တို့​အ​ပေါင်း​သည် ကပ်​ရော​ဂါ တစ်​မျိုး​တည်း​သင့်​ရ​ကြ​သည်​ဖြစ်​ရာ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ