ဆာလံ 107:37Common Language Bibleသူတို့သည်လယ်ယာလုပ်ကိုင်ကာစပျစ်ပင် များကို စိုက်ပျိုးကြ၏။ ယင်းတို့သည်များစွာသောအသီးအနှံ တို့ကိုဆောင်ကုန်၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``သူတို့သည်မိမိတို့ကောက်ပဲသီးနှံများ ကိုငြိမ်းချမ်းစွာစိုက်ပျိုးရကြလိမ့်မည်။ သူ တို့၏စပျစ်ပင်များသည်အသီးများ သီးလိမ့်မည်။ မြေကြီးသည်ကောက်ပဲသီး နှံများကိုဆောင်လျက်မိုးသည်လည်းအမြောက် အမြားရွာသွန်းလိမ့်မည်။ ကြွင်းကျန်နေသူ ငါ၏လူမျိုးတော်အားဤကောင်းချီးမင်္ဂ လာအပေါင်းကိုငါပေးမည်။-
သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-