ထိုဒေသတွင်အစာငတ်မွတ်သူတို့အား နေထိုင်ခွင့်ပေးတော်မူ၏။ သူတို့သည်လည်းမိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။
ကိုယ်တော်သည်သူတို့နေထိုင်ရန်မြို့သို့လမ်း ဖြောင့်ဖြင့် ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-