ဆာလံ 105:44Common Language Bibleကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။-