Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 105:43

Common Language Bible

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက်​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကောင်း​စား​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ။ ကိုယ်​တော်​ရှင်​၏​ပြည်​တော်​သား​များ ဝမ်း​မြောက်​ရာ​၌​လည်း​ကောင်း၊ ကိုယ်​တော်​ပိုင်​တော်​မူ​သော​သူ​တို့​ရွှင်​လန်း​အား ရ​စွာ ဂုဏ်​ယူ​ဝါ​ကြွား​ရာ​၌​လည်း​ကောင်း​ကျွန်​တော်​မျိုး ပါ​ဝင်​ပါ​ရ​စေ။

ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​လိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဝင့်​ကြွား​စွာ​ဖြင့်​ထွက်​ခွာ​လျက်​ရှိ ကြ​၏။-

သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။

``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ငါ​တို့​ဘိုး​ဘေး​များ​အီ​ဂျစ်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင်​ကြ​စဉ်၊ သူ​တို့​အား​ရွေး​ကောက်​၍ လူ​မျိုး​ကြီး​ဖြစ်​စေ တော်​မူ​၏။ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ထို​ပြည် မှ​ထုတ်​ဆောင်​သွား​တော်​မူ​ကာ၊-

သူ​သည်​အီ​ဂျစ်​ပြည်​နှင့်​ပင်​လယ်​နီ​တွင်​လည်း ကောင်း၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​တော​ကန္တာ​ရ တွင်​လည်း​ကောင်း အံ့​သြ​ဖွယ်​ရာ​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သူ​ဖြစ်​၏။-

ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-

အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ