Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 104:32

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့် တော်​မူ သော​အ​ခါ​ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ရ​၏။ တောင်​တို့​ကို​တို့​ထိ​တော်​မူ​သော​အ​ခါ​တောင် များ​မှ မီး​ခိုး​ထွက်​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​မြေ​ကြီး၊ယာ​ကုပ်​၏​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​၌ ရှေ့​တော်​တွင် တုန်​လှုပ်​လျက်​နေ​လော့။

အို ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​ကို​ကွေး​ညွှတ်​စေ​၍​ဆင်း​သက် ကြွ​လာ​တော်​မူ​ပါ။ တောင်​ရိုး​များ​ကို​တို့​ထိ​တော်​မူ​ပါ။ ယင်း​တို့​မှ​မီး​ခိုး​ထွက်​ပါ​လိမ့်​မည်။

ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။

အို ဘု​ရား​သ​ခင်၊ ရေ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​မြင်​သော​အ​ခါ ကြောက်​ရွံ့​ကြ​ပါ​၏။ ပင်​လယ်​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း တုန်​လှုပ်​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင် လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-

ဤ​ပြစ်​မှု​များ​ကြောင့်​မြေ​င​လျင်​ကြီး​လှုပ်​ခါ တစ်​ပြည်​လုံး​ရှိ​ပြည်​သူ​မှန်​သ​မျှ​ဝမ်း​နည်း​ပူ ဆွေး​ရ​ကြ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီဂျစ်​ပြည် မှ​နိုင်း​မြစ်​ကဲ့​သို့​တက်​၍​ကျ​၍​ဆတ်​ဆတ် ခါ​အောင်​တုန်​လှုပ်​သွား​လိမ့်​မည်။-

တစ်​ဖန်​ထို​သူ​တို့​၏``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ကြ​လော့'' ထို​မြို့​မှ​မီး​ခိုး​တို့​သည် ထာ​ဝ​စဉ်​လွင့်​တက်​လျက်​ရှိ​၏'' ဟု​ကြွေး​ကြော် ကြ​ပြန်​၏။-

ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ