Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 104:31

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် ထာ​ဝ​စဉ်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​အ​တွက် ဝမ်း​မြောက်​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​ဖန်​ဆင်း​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ရှု​မြင်​၍ အ​လွန်​နှစ်​သက်​တော်​မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ဆ​ဋ္ဌ​မ​နေ့​ရက် ဖြစ်​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ပြန်​လည် တည်​ထောင်​တော်​မူ​သော​အ​ခါ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။

ဥ​ပုသ်​နေ့​သည်​ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​သော​ပ​ဋိ​ညာဉ်​၏​ထာ​ဝ​ရ အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း'' ဟု​မိန့် တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။

သူ​တို့​အား​ကောင်း​ကျိုး​ပေး​ရန်​ကို​သာ​နှစ် သက်​မည်။ ဤ​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ရာ ချ​ထား​မည်။

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။''

ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။

ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။

သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။

ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​တန်​ခိုး​တော်​ကြီး တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ