Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 3:15

Common Language Bible

ညီ​အစ်​ကို​တို့၊ သင်​တို့​နေ့​စဉ်​တွေ့​ကြုံ​နေ ကြ​အ​ဖြစ်​အ​ပျက်​များ​မှ ဥ​ပ​မာ​တစ်​ခု ကို​ငါ​ပေး​အံ့။ လူ​တစ်​ယောက်​နှင့်​တစ်​ယောက် က​တိ​စာ​ချုပ်​ချုပ်​ဆို​သော​အ​ခါ​၌​အ​ချင်း ချင်း​ချုပ်​ဆို​သော​စာ​ချုပ်​မျှ​သာ​ဖြစ်​သော် လည်း ယင်း​ကို​သ​ဘော​တူ​ချုပ်​ဆို​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​စာ​ချုပ်​ပါ​က​တိ​ဝန်​ခံ ချက်​များ​ကို​မည်​သူ​မျှ​မ​ပယ်​ဖျက်၊ မ​ဖြည့် စွက်​နိုင်​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-

ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-

သို့​ရာ​တွင်​လူ​အ​ချို့​က``ငါ​တို့​၏​ဆိုး​ယုတ်​မှု သည်​ဘုရား​သ​ခင်​၏​ကောင်း​မြတ်​မှန်​ကန်​မှု​ကို ပို​မို​ထင်​ရှား​စေ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​ကြ​လိမ့်​မည်။ ငါ​တို့​မည်​သို့​အ​ဖြေ​ပေး မည်​နည်း။ ``ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒဏ်​ခတ်​တော်​မူ​သည်​မှာ​မ​တ​ရား'' ဟု​ငါ တို့​ဖြေ​ဆို​ကြ​မည်​လော။ (ဤ​သို့​ငါ​ဆို​ရာ ၌​လူ​တို့​ပြော​ဆို​လေ့​ရှိ​သည့်​အ​တိုင်း​ပြော လိုက်​ခြင်း​ဖြစ်​သည်။-)

(သင်​တို့​၏​ဇာ​တိ​သ​ဘော​အ​ရ​အား​နည်း​မှု ကြောင့် လူ​တို့​နား​လည်​နိုင်​သော​ဝေါ​ဟာ​ရ​ကို ငါ​သုံး​ခြင်း​ဖြစ်​သည်။) အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဆိုး​ယုတ်​မှု​အ​မျိုး​မျိုး​ကို​ပြု ကျင့်​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​ဆိုး​ယုတ် မှု​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ​အပ်​နှံ ခဲ့​ကြ​၏။ ထို​နည်း​တူ​စွာ​သင်​တို့​သည်​ယ​ခု အ​ခါ​၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​မှု​ကို ပြု​ကျင့်​နိုင်​ရန် မိ​မိ​တို့​၏​ကိုယ်​ကို​ဖြောင့်​မတ် ခြင်း​တ​ရား​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ အပ်​နှံ​ကြ​လော့။

အ​ကယ်​၍​ငါ​သည်​ဧဖက်​မြို့​တွင် ``သား​ရဲ တိ​ရစ္ဆာန်'' တို့​နှင့်​တိုက်​ခိုက်​ခဲ့​ပါ​မူ​လူ​အ​မြင် ဖြင့်​ငါ့​အ​ဖို့​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ ပါ​က ``နက်​ဖြန်​သေ​ကြ​မည်​ဖြစ်​၍​ငါ​တို့ သည်​စား​ကြ၊ သောက်​ကြ၊ ပျော်​ပါး​ကြ​ကုန် အံ့'' ဟု​ဆို​သည့်​အ​တိုင်း​ပြု​ကြ​စို့။

ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ စေ​သော။ အာ​မင်။ ဂ​လာ​တိ​သြ​ဝါ​ဒ​စာ​ပြီး​၏။

ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​က​တိ ထား​တော်​မူ​သော​အ​ခါ​တိုင်​တည်​ကျိန်​ဆို​ရန် မိ​မိ​ထက်​ကြီး​မြတ်​သူ​မ​ရှိ​သ​ဖြင့် မိ​မိ​ကိုယ် ကို​ပင်​လျှင်​တိုင်​တည်​ကျိန်​ဆို​တော်​မူ​ပေ​သည်။-

လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။-

သေ​တမ်း​စာ​ရေး​သူ​အ​သက်​ရှင်​နေ​စဉ်​သူ​၏ သေ​တမ်း​စာ​သည်​အ​တည်​မ​ဖြစ်။ ထို​သူ​သေ လွန်​ပြီး​မှ​သာ​လျှင်​အ​တည်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ