ဂလာတိ 3:14Common Language Bibleဤသို့ပြုတော်မူခြင်းမှာလူမျိုးခြားတို့ သည်ခရစ်တော်ယေရှုကိုအမှီပြု၍ အာဗြဟံ ခံစားရသည့်ကောင်းချီးမင်္ဂလာကိုခံစား ရစေရန်လည်းကောင်း၊ ငါတို့သည်ဘုရား သခင်ကတိထားတော်မူသောဝိညာဉ်တော် ကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ကြစေ ရန်လည်းကောင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
ကျမ်းစာလာသည့်အတိုင်းဘုရားသခင်၏ ကတိတော်များသည် အာဗြဟံနှင့်သူ၏ သားမြေးအတွက်ဖြစ်၏။ သားမြေးဆိုသော စကားသည်ဧကဝုစ်ကိန်းတည်း။ ဗဟုဝုစ်ကိန်း မဟုတ်။ သင်၏အမျိုးအနွယ်ဟူ၍သာဆို၏။ လူအများကိုရည်စူး၍ဆိုခြင်းမဟုတ်။ လူတစ်ဦးတည်းကိုသာရည်စူး၍ဆိုပေ သည်။ ထိုသို့ရည်စူးခြင်းခံရသူကား ခရစ်တော်ပင်ဖြစ်၏။-
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-