ကမ္ဘာဦး 9:6Common Language Bibleလူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
မိမိ၏အိမ်ခန်းတွင်အိပ်စက်နေသောအပြစ်မဲ့ သူအားသတ်ဖြတ်ကြသည့်လူဆိုးတို့ကို ပို၍ ပြင်းထန်သောအပြစ်ဒဏ်စီရင်သင့်သည်မ ဟုတ်လော။ ထိုအပြစ်မဲ့သူကိုသတ်သည့်အတွက် ယခုငါသည်သင်တို့အပေါ်တွင်လက်စားချေ မည်။ သင်တို့အားမြေမျက်နှာပြင်ပေါ်မှသုတ် သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။-
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။
ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-