Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 9:5

Common Language Bible

လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ရု​ဗင်​က``ငါ​သည်​သင်​တို့​အား​သူ​ငယ် ကို ဘေး​ဒုက္ခ​မ​ရောက်​စေ​ပါ​နှင့်​ဟူ​၍​သ​တိ​ပေး ခဲ့​သော်​လည်း​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ထို့ ကြောင့်​ငါ​တို့​သည်​ယ​ခု​ဝဋ်​လည်​နေ​ရ​ကြ​ပြီ'' ဟု​ဆို​လေ​၏။-

မိ​မိ​၏​အိမ်​ခန်း​တွင်​အိပ်​စက်​နေ​သော​အ​ပြစ်​မဲ့ သူ​အား​သတ်​ဖြတ်​ကြ​သည့်​လူ​ဆိုး​တို့​ကို ပို​၍ ပြင်း​ထန်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​သင့်​သည်​မ ဟုတ်​လော။ ထို​အပြစ်​မဲ့​သူ​ကို​သတ်​သည့်​အ​တွက် ယ​ခု​ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လက်​စား​ချေ မည်။ သင်​တို့​အား​မြေ​မျက်​နှာ​ပြင်​ပေါ်​မှ​သုတ် သင်​ပယ်​ရှင်း​မည်'' ဟု​မိန့်​တော်​မူ​၏။-

သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။

အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-

မင်း​ကြီး​သည်​မိ​မိ​အား​ဇာ​ခ​ရိ​၏​ဖ​ခင်​ယော ဒ​ယ​သစ္စာ​ရှိ​စွာ​အ​မှု​ထမ်း​ခဲ့​သည်​ကို​သ​တိ မ​ရ​ဘဲ​သား​ကို​သတ်​လေ​၏။ ဇာ​ခ​ရိ​သည် သေ​အံ့​ဆဲ​ဆဲ​၌``ထာ​ဝ​ရ​ဘု​ရား​သည်​သင် ပြု​သည့်​အ​မှု​ကို​မြင်​၍ သင့်​အား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။

အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။-

သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ဒုက္ခ​ရောက်​သော​သူ​တို့​ကို သ​တိ​ရ​တော်​မူ​၏။ သူ​တို့​၏​အော်​ဟစ်​သံ​ကို​မေ့​တော်​မ​မူ။ သူ​တို့​အား​မ​တ​ရား​ပြု​သော​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။

``လူ့​အ​သက်​ကို​မ​သတ်​နှင့်။

``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-

သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။

``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-

တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

``သို့​ရာ​တွင်​သံ၊ ကျောက်၊ သစ်​သား​လက်​နက်​တစ် ခု​ခု​ဖြင့် လူ​တစ်​ဦး​အား​သတ်​သူ​သည်​လူ​သတ် မှု​ကို​ကူး​လွန်​သ​ဖြင့်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​စေ​ရ​မည်။-

လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။

ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-

ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-

``သို့​ရာ​တွင်​လူ​တစ်​ယောက်​သည် ရန်​သူ​ကို​အငြိုး ထား​၍​ချောင်း​မြောင်း​သတ်​ဖြတ်​ပြီး​လျှင် ထို​မြို့ တစ်​မြို့​သို့​ထွက်​ပြေး​ခို​လှုံ​သည့်​အ​ခါ​၌​မူ ကား၊-

သူ​နေ​ရင်း​မြို့​မှ​အ​ကြီး​အ​ကဲ​တို့​သည်​သူ့ အား​ခေါ်​ဆောင်​စေ​ပြီး​လျှင် သေ​ဒဏ်​ခတ်​ရန် သေ​သူ​အ​တွက်​လက်​စား​ချေ​မည့်​သူ​လက် သို့​အပ်​ရ​မည်။-

ထို​သို့​အ​ဘိ​မ​လက်​သည်​မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​ကို​သတ်​ဖြတ်​ခြင်း​ဖြင့် ဖ​ခင်​အား ပြု​မိ​သည့်​ဒု​စ​ရိုက်​အ​ပြစ်​အ​တွက်​ဘု​ရား​သ​ခင်​ဒဏ်​ခံ​စေ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ