``အဖလက်အထားမှားနေပါသည်။ ဤသူ ငယ်သည်သားကြီးဖြစ်ပါ၏။ သူ၏ဦးခေါင်း ပေါ်မှာအဖ၏လက်ယာလက်ကိုတင်ပါ'' ဟုဆိုလေ၏။
လောတက``ကိုယ်တော်၊ အကျွန်ုပ်တို့တောင်ပေါ်သို့မပြေးပါရစေနှင့်။-
ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။-
ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။-
ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊-
သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။
ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။
သင်တို့၏အလိုပြည့်မည်ဆိုလျှင်အမျိုး သားများသာသွား၍ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြစေ'' ဟုမိန့်တော်မူ၏။ ထိုနောက်အထံတော်မှသူတို့ကိုနှင်ထုတ် လေ၏။
ပညာသတိရှိသူများက `သင်တို့အဖို့နှင့်ငါတို့ အဖို့ပါဆိုလျှင်ဆီလောက်မည်မဟုတ်သဖြင့် ဆီရောင်းသူထံသို့သွား၍သင်တို့အတွက် ဝယ်ယူကြပါ' ဟုပြန်ပြောကြ၏။-
ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။
သို့ရာတွင်ငါက `သခင်ဘုရား၊ အဘယ်နည်း နှင့်မျှမဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်း သောအရာ၊ သို့မဟုတ်မသန့်စင်သောအရာ ကိုအဘယ်အခါ၌မျှမစားဘူးပါ' ဟု ပြန်၍လျှောက်၏။-