Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 48:17

Common Language Bible

ယော​သပ်​သည်​အ​ဖ​က ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း ပေါ်​တွင်​လက်​ယာ​လက်​တင်​သည်​ကို​မြင်​ရ သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။ သူ​သည် ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ်​မှ အ​ဖ​၏​လက်​ကို မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​သို့​ပြောင်း​ရွှေ့​တင် စေ​လို​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဧ​သော​သည်​ခါ​နာန်​အ​မျိုး​သ​မီး​များ​ကို ဖ​ခင်​ဣ​ဇာက်​မ​နှစ်​သက်​ကြောင်း​သိ​ရ​သ​ဖြင့်၊-

သြ​နန်​ထို​ကဲ့​သို့​ပြု​ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သ​ဖြင့် သူ့​ကို​လည်း​အ​သက်​တို​စေ တော်​မူ​၏။-

သို့​ရာ​တွင်​ယာ​ကုပ်​သည်​မိ​မိ​လက်​ကို​ယှက် ၍​သား​ငယ်​ဖြစ်​သူ ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ယာ​လက်​ကို​လည်း​ကောင်း၊ သား​ကြီး ဖြစ်​သူ​မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ဝဲ​လက်​ကို​လည်း​ကောင်း​တင်​၍၊

``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။

သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-

ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။-

ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။

လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ညည်း​ညူ​သံ​ကို​ကြား​ရ​သော​အ​ခါ အ​မျက်​တော်​ထွက်​၍​သူ​တို့​အ​ပေါ်​တွင်​လောင် မီး​ကျ​စေ​၏။ မီး​သည်​စ​ခန်း​တစ်​ဘက်​စွန်း တွင်​ရှိ​သော​လူ​များ​ကို​လောင်​ကျွမ်း​စေ​၏။-

ထို​အ​ခါ​ဗာ​လမ်​က``အ​ကျွန်ုပ်​အ​ပြစ်​ကူး လွန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​တား ဆီး​ရန်​လမ်း​ပေါ်​တွင်​ရပ်​နေ​သည်​ကို​အ​ကျွန်ုပ် မ​သိ​ပါ။ အ​ကျွန်ုပ်​အား​ခ​ရီး​ဆက်​၍​မ​သွား စေ​လို​လျှင်​အိမ်​သို့​ပြန်​ပါ​မည်'' ဟု​ဆို​လေ ၏။

သို့​သော်​သူ​တို့​မ​ဖွား​မီ၊ အ​ဆိုး​အ​ကောင်း​ကို မ​ပြု​မ​ကျင့်​နိုင်​မီ​က​ပင်​လျှင် ဘု​ရား​သ​ခင် သည်​ရေ​ဗက္က​အား``သင်​၏​သား​ကြီး​သည်​သား ငယ်​၏​အ​စေ​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ဘု​ရား​သ​ခင်​ဤ​သို့​မိန့်​တော်​မူ​ခြင်း မှာ​ကိုယ်​တော်​သည် မိ​မိ​အ​ကြံ​အ​စည်​ကို ဖော်​ပြ​ရန်​ဖြစ်​ပေ​သည်။ ယင်း​သို့​ရွေး​ကောက် တော်​မူ​ရာ​၌​အ​ကျင့်​အ​ပေါ်​တွင်​တည်​သည် မ​ဟုတ်၊ ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​ခြင်း အ​ပေါ်​၌​တည်​ပေ​သည်။-

ယော​သပ်​၏​သား​ဦး​ဖြစ်​သော​မ​နာ​ရှေ​၏ အ​ဆက်​အ​နွယ်​မိ​သား​စု​အ​ချို့​တို့​သည် လည်း ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​နယ်​မြေ တစ်​စိတ်​တစ်​ဒေ​သ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လေ သည်။ ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​သည်​မ​နာ​ရှေ ၏​သား​ဦး​ဖြစ်​သည်။ စစ်​သူ​ရဲ​ကောင်း​လည်း ဖြစ်​သည်။ သို့​ဖြစ်​၍​သူ​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် တို့​ကို​ရ​ရှိ​သည်။-

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ