ကမ္ဘာဦး 47:25Common Language Bibleပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။