Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 47:24

Common Language Bible

စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။

သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။

အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။

ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။-

ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-

ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-

ရက်​ရော​စွာ​ချေး​ငှား​တတ်​သော​မိ​မိ​အ​လုပ် တွင် ရိုး​သား​စွာ​ပြု​မူ​တတ်​သော​သူ​သည်​မင်္ဂ​လာ ရှိ​၏။

ဆင်း​ရဲ​သူ​တို့​အ​တွက်​စိုး​ရိမ်​ကြောင့်​ကြ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ထို​သူ​ဒုက္ခ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​လိမ့်​မည်။

မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-

မွေး​မြူ​ထား​သော​နွား၊ သိုး၊ ဆိတ်၊ တို့​ကို​ရေ​တွက် လော့။ ယင်း​တို့​အ​နက်​ဆယ်​ကောင်​လျှင်​တစ် ကောင်​ကျ​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​၏။-

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-

``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-

``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ