သူတို့အားလုံးကိုသုံးရက်ချုပ်ထားလေ၏။
သူတို့သည်ကာလအတန်ကြာမျှအကျဉ်း ခံနေကြ၏။ ကိုယ်ရံတော်မှူးသည်ထိုသူတို့ အားပြုစုရန်ယောသပ်ကိုတာဝန်ပေးထား လေ၏။
ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။
ကိုယ်တော်သည်စားတော်ဆက်ဝန်နှင့်ကျွန်တော် မျိုးအားအမျက်တော်ရှသဖြင့် ကိုယ်ရံတော်မှူး အိမ်တွင်အချုပ်ချထားခဲ့ပါသည်။-
အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်ကတိတည်တော်မူ၍ ကိုယ်တော်၏အစေခံဖြစ်သူကွန်တော်မျိုးအား ကေးဇူးပြုတော်မူပါ၏။
ဘုရားသခင်သည်ပြည်ရှင်မင်းတို့အား အကျဉ်းသမားများသဖွယ် တွင်းတစ်ခုတွင် ပြွတ်သိပ်၍ချုပ်နှောင်ထားတော်မူလိမ့်မည်။ အပြစ်ဒဏ်ခံရကြမည့်အချိန်မရောက် မချင်း သူတို့အားကိုယ်တော်သည်အကျဉ်း ချ၍ထားတော်မူလိမ့်မည်။-
သူ့ကိုချုပ်ထားပြီးလျှင်သူနှင့်ပတ်သက်၍ ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို စောင့်ဆိုင်းနေကြ၏။
သို့ဖြစ်၍သူတို့သည်တမန်တော်တို့ကို ဖမ်းဆီးကြပြီးနောက် ညချမ်းအချိန်ရှိ ပြီဖြစ်၍ နောက်တစ်နေ့နံနက်တိုင်အောင် ချုပ်နှောင်ထားကြ၏။-
သူတို့သည်တမန်တော်တို့ကိုဖမ်းဆီးပြီး လျှင် ထောင်တွင်အကျဉ်းချထားကြ၏။-
ဤတိုတောင်းသောဘဝ၌လူဖခင်များသည် မိမိတို့လျောက်ပတ်သည်ဟုထင်မှတ်သည့် အတိုင်းငါတို့အားဒဏ်ပေးတတ်ကြ၏။ သို့ရာတွင်ဘုရားသခင်မူကားငါတို့ အကျိုးကိုထောက်၍ မိမိကဲ့သို့မြင့်မြတ် သန့်ရှင်းနိုင်ကြစေရန်ငါတို့အားဒဏ် ပေးတော်မူပေသည်။-