ကမ္ဘာဦး 42:16Common Language Bibleသင်တို့အနက်တစ်ယောက်ယောက်ကိုစေလွှတ်၍ သင်တို့၏ညီကိုခေါ်ဆောင်ခဲ့ရမည်။ သင်တို့၏ စကားမှန်သည်မမှန်သည်ကိုသိနိုင်သည့်တိုင် အောင် ကျန်ရစ်သောသင်တို့ကိုအကျဉ်းချထား မည်။ သင်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သင်တို့သည်ဖာရောဘုရင်အသက်ရှင်တော် မူသည်အတိုင်းသူလျှိုများမုချဖြစ်ရမည်'' ဟုဆိုပြီးလျှင်၊- အခန်းကိုကြည့်ပါ။ |
အမ္မုန်ပြည်သားခေါင်းဆောင်များကမိမိတို့ ဘုရင်အား``ဒါဝိဒ်သည်အရှင့်ခမည်းတော်ကို ဂုဏ်ပြုရန်အတွက် ဤလူများကိုစေလွှတ် လိုက်သည်ဟုအရှင်ထင်မှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ သူ သည်အကျွန်ုပ်တို့ကိုနှိမ်နင်းနိုင်ရန်ဤမြို့ အခြေအနေကိုစုံစမ်းလို၍ဤသူတို့ အားသူလျှိုအဖြစ်စေလွှတ်လိုက်ခြင်း ဖြစ်ပါ၏'' ဟုလျှောက်ထားကြ၏။
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-