Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 37:2

Common Language Bible

ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။ ယော​သပ်​သည်​အ​သက်​တစ်​ဆယ့်​ခု​နစ်​နှစ်​သို့ ရောက်​သော် ဖ​ခင်​၏​မ​ယား​ငယ်​များ​ဖြစ်​သော ဗိ​လ​ဟာ​နှင့်​ဇိ​လ​ပ​တို့​၏​သား​များ​နှင့် အ​တူ​သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​ရ​၏။ သူ သည်​အစ်​ကို​တို့​အ​ကြောင်း​ကို​ဖ​ခင်​အား တိုင်​ကြား​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရေ​လွှမ်း​မိုး​ပြီး​သည့်​နောက်​နော​ဧ​၏​သား​များ ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​မှ ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​ကို​ဖော်​ပြ ပေ​အံ့။-

ဤ​နည်း​အား​ဖြင့်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊-

သူ​သည်​ဗိ​လ​ဟာ​ကို​ယာ​ကုပ်​အား​ပေး​အပ်​၍ ယာ​ကုပ်​သည်​ဗိ​လ​ဟာ​နှင့်​အိပ်​သ​ဖြင့်၊-

လေ​အာ​သည်​လည်း​မိ​မိ​၌​သား​ဖွား​ခြင်း​ရပ်​ဆိုင်း သွား​ကြောင်း​သိ​မြင်​ရ​သော​အ​ခါ သူ​၏​ကျွန်​မ ဇိ​လ​ပ​ကို​ယာ​ကုပ်​အား​မ​ယား​အ​ဖြစ်​ပေး အပ်​လေ​သည်။-

ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။-

ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။-

တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။-

ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​လက်​ထက် မှ​စ​၍ ယ​နေ့​အ​ထိ​သိုး​နွား​များ​ကို​မွေး​မြူ​သူ များ​ဖြစ်​ကြ​ပါ​သည်​ဟု​လျှောက်​ရ​မည်။ သို့​မှ သာ​လျှင်​သင်​တို့​အား​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင် ခွင့်​ပေး​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​လေ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည် သိုး​ထိန်း​များ​ကို​စက်​ဆုတ် ရွံ​ရှာ​ကြ​သော​ကြောင့်​ယော​သပ်​က​ထို​သို့​ပြော ခိုင်း​ခြင်း​ဖြစ်​သည်။

အာ​ဒံ​၏​သား​စဉ်​မြေး​ဆက်​စာ​ရင်း​ကို​ဖော် ပြ​ပေ​အံ့။ (ဘု​ရား​သ​ခင်​သည်​လူ​ကို​ဖန်​ဆင်း ရာ​၌ မိ​မိ​၏​ပုံ​သဏ္ဌာန်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော် မူ​၏။-

နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။-

ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။-

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။-

ပ​ထ​မ​အ​ချက်​အ​နေ​ဖြင့်​သင်​တို့​၏​အ​သင်း တော်​အ​စည်း​ဝေး​များ​၌ စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​ပေ​သည်။ ကြား​ရ သည့်​အ​တိုင်း​အ​ချို့​တစ်​ဝက်​မှန်​လိမ့်​မည်။-

မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ