ယာကုပ်သည်သူ၏ဖခင်နေထိုင်ရာ ခါနာန် ပြည်တွင် ဆက်လက်နေထိုင်လေ၏။-
ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။
ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။-
သူနှင့်ယာကုပ်တို့တွင်သိုး၊ ဆိတ်စသော တိရစ္ဆာန်အလွန်များပြားလာသဖြင့် စားနပ် ရိက္ခာမလောက်မငဖြစ်၍တစ်ရပ်တည်း၌ အတူမနေနိုင်ကြချေ။-