Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 31:37

Common Language Bible

ယ​ခု​သင်​သည်​ကျွန်ုပ်​၏​ပစ္စည်း​ရှိ​သ​မျှ​ကို​ရှာ ဖွေ​ပြီး​ပြီ​ဖြစ်​ရာ​သင်​ပိုင်​သော​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရှာ​တွေ့​ပါ​သ​လော။ သင်​ပိုင်​သော​ပစ္စည်း​ကို ရှာ​တွေ့​လျှင်​သင်​၏​သား​ချင်း​နှင့်​ကျွန်ုပ်​၏​သား ချင်း​တို့​ရှေ့​မှောက်​တွင်​ထား​ပါ။ မည်​သူ့​ပစ္စည်း​ဖြစ် သည်​ကို​သူ​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ပါ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ဘု​ရား​ရုပ်​တု​များ​ခိုး​ယူ​သူ​ကို တွေ့​ရှိ​လျှင်​ထို​သူ​အား​ဒဏ်​ပေး​မည်။ ကျွန်ုပ် တို့​၏​သား​ချင်း​များ​ကို​သက်​သေ​ထား​၍ သင်​ပိုင်​ဆိုင်​သည့်​ပစ္စည်း​ဥစ္စာ​ကို​ရှာ​ပါ​လော့။ သင့်​ဥစ္စာ​ရှာ​တွေ့​လျှင်​ယူ​ပါ​လော့'' ဟု​ဆို လေ​၏။ လာ​ဗန်​၏​ဘု​ရား​ရုပ်​တု​များ​ကို ရာ​ခေ​လ​ခိုး​ယူ​ခဲ့​ကြောင်း​ယာ​ကုပ်​မ​သိ​ချေ။

ထို​အ​ခါ​ယာ​ကုပ်​သည်​ဒေါ​သ​ထွက်​လျက်``ကျွန်ုပ် သည်​အ​ဘယ်​အပြစ်​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။ အ​ဘယ်​ပြစ်​မှု​ကြောင့်​သင်​သည်​ကျွန်ုပ်​နောက်​သို့ အ​ပြင်း​အ​ထန်​လိုက်​ရ​ပါ​သ​နည်း။-

ကျွန်ုပ်​သည်​သင်​နှင့်​အ​တူ​နှစ်​ပေါင်း​နှစ်​ဆယ်​နေ ထိုင်​ခဲ့​ပါ​သည်။ သင်​၏​သိုး​မ​နှင့်​ဆိတ်​မ​တို့​သည် သား​မ​ပေါက်​ကြ​ဟူ​၍​မ​ရှိ။ သင့်​သိုး​ထီး​ဆိတ် ထီး​တို့​ကို​ကျွန်ုပ်​သတ်​၍​မ​စား။-

သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။-

ငါ​တို့​သည်​ယုံ​ကြည်​သူ​သင်​တို့​နှင့်​ဆက်​ဆံ ရာ​တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ဖြူ​စင် ဖြောင့်​မှန်​စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို သင် တို့​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် လည်း​သက်​သေ​ဖြစ်​တော်​မူ​၏။-

ငါ​တို့​အ​တွက်​ဆက်​လက်​ဆု​တောင်း​နေ​ကြ လော့။ ငါ​တို့​သည်​မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ် ကြည်​လင်​သည်​ကို​အ​သေ​အ​ချာ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​အ​ခါ ခပ်​သိမ်း​မှန်​ရာ​ကို​သာ​ပြု​လုပ်​ရန်​ဆန္ဒ​ရှိ ကြ​သော​ကြောင့်​ဖြစ်​၏။-

သူ​တို့​သည်​ထို​ပစ္စည်း​များ​ကို​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ယူ​ဆောင် ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ချ​ထား ကြ​သည်။-

မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။

သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ