ကမ္ဘာဦး 31:36Common Language Bibleထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။- အခန်းကိုကြည့်ပါ။ |
ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။-
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-