ရေဗက္ကသည်သားဖွားချိန်စေ့သောအခါ သား အမြွှာကိုဖွားမြင်လေသည်။-
ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
အဦးဖွားသောသားသည်အဆင်းနီ၍အမွေး ထူသဖြင့်ဧသောဟုနာမည်မှည့်လေသည်။-
ဧဒုံဟူ၍လည်းနာမည်တွင်သောဧသော ၏အဆက်အနွယ်တို့ကိုဖော်ပြပေအံ့။-
တာမာသည်သားဖွားချိန်စေ့သောအခါကိုယ်ဝန် တွင်အမြွှာရှိကြောင်းသိရလေသည်။-
အာဗြဟံ၏သားဣဇာက်တွင် ဧသောနှင့် ယာကုပ်ဟူ၍သားနှစ်ယောက်ရှိ၏။-
``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။-