ကမ္ဘာဦး 25:23Common Language Bibleထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
ဣသရေလအမျိုးသားတို့တွင်ဘုရင်များ မပေါ်မရှိမီဧဒုံပြည်ကိုအုပ်စိုးသောမင်း ဆက်တို့ကိုဖော်ပြပေအံ့။ ဗောရ၏သားဗေလာသည်ဒိန္နာဗာမြို့တော်၌ အုပ်စိုး၏။ ဗေလာဘုရင်အနိစ္စရောက်သောအခါဗောဇရ မြို့သား ဇေရ၏သားယောဗပ်မင်းပြု၏။ ယောဗပ်အနိစ္စရောက်သောအခါတေမနိ မြို့သား ဟုရှံမင်းပြု၏။ ဟုရှံအနိစ္စရောက်သောအခါမောဘပြည်တွင် မိဒျန်အမျိုးသားတို့ကို စစ်တိုက်၍အောင်မြင်ခဲ့သူဗေဒဒ်၏သားဟာဒဒ် မင်းပြု၏။ ထိုမင်း၏မြို့တော်မှာအာဝိတ်မြို့ဖြစ်၏။ ဟာဒဒ်အနိစ္စရောက်သောအခါမာသရက် မြို့သား စာမလမင်းပြု၏။ စာမလအနိစ္စရောက်သောအခါမြစ်ကမ်းမြို့ ဖြစ်သော ရဟောဘုတ်မြို့သားရှောလမင်းပြု၏။ ရှောလအနိစ္စရောက်သောအခါအာခဗော် ၏သား ဗာလဟာနန်မင်းပြု၏။ ဗာလဟာနန်အနိစ္စရောက်သောအခါဟာဒါ မင်းပြု၏။ ထိုမင်း၏မြို့တော်မှာပေါမြို့ဖြစ်သည်။ (သူ၏ဇနီးမှာမာတရက်၏သမီး၊မေဇဟပ်၏ မြေးမဟေတဗေလဖြစ်၏။)
ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-