Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 12:15

Common Language Bible

နန်း​တော်​မှ​မှူး​မတ်​အ​ချို့​တို့​က​လည်း​စာ​ရဲ ၏​ရုပ်​ရည်​အ​လှ​ကို​မြင်​ရ​၍ ဖာ​ရော​ဘု​ရင် ထံ​သို့​သံ​တော်​ဦး​တင်​ကြ​သ​ဖြင့် သူ​မ​သည် နန်း​တော်​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​နယ်​စပ်​ကို​ဖြတ်​၍ အီ​ဂျစ်​ပြည်​ထဲ သို့​ဝင်​လာ​သော​အ​ခါ ထို​ပြည်​သား​တို့​က သူ​၏​မ​ယား​သည် ရုပ်​ရည်​လှ​သော​အ​မျိုး သ​မီး​ဖြစ်​ကြောင်း​တွေ့​မြင်​ကြ​၏။-

သူ​၏​မ​ယား​စာ​ရာ​သည်​မိ​မိ​၏​နှ​မ​ဖြစ်​သည် ဟု​ဆို​၏။ ထို့​ကြောင့်​ဂေ​ရာ​ဘု​ရင်​အ​ဘိ​မ​လက် က​စာ​ရာ​ကို​သိမ်း​ပိုက်​လေ​သည်။-

ထို​မြို့​သား​တို့​က``သင်​နှင့်​ပါ​လာ​သော​အ​မျိုး သ​မီး​သည်​မည်​သူ​နည်း'' ဟု​မေး​ကြ​သော​အ​ခါ သူ​၏​နှ​မ​ဖြစ်​သည်​ဟု​ဖြေ​ကြား​လေ​သည်။ သူ ၏​မ​ယား​ဖြစ်​သည်​ဟု​မ​ဖော်​ပြ​ခြင်း​မှာ ရေ​ဗက္က သည်​ရုပ်​ရည်​အ​လွန်​လှ​သူ​ဖြစ်​သ​ဖြင့် ထို​မြို့ သား​တို့​က​မိ​မိ​အား​သတ်​မည်​ကို​ဣ​ဇာက် စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။-

ဘု​ရင်​သည်​ထို​အ​ရာ​ရှိ​နှစ်​ဦး​တို့​ကို​အ​မျက် ထွက်​၍၊-

ထို​နောက်​နှစ်​နှစ်​မျှ​ကြာ​သော​အ​ခါ အီ​ဂျစ်​ဘု​ရင် သည်​အိပ်​မက်​မြင်​မက်​လေ​၏။ အိပ်​မက်​ထဲ​တွင် ဘု​ရင်​သည်​နိုင်း​မြစ်​နား​၌​ရပ်​နေ​စဉ်၊-

ရှော​လ​မုန်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​ကို မိ​ဖု​ရား​မြှောက်​ခြင်း​အား​ဖြင့် ထို​မင်း​နှင့်​မ​ဟာ မိတ်​ဖွဲ့​တော်​မူ​၏။ ထို့​နောက်​မိ​မိ​တည်​ဆောက်​လျက် ရှိ​သည့်​နန်း​တော်၊ ဗိ​မာန်​တော်​နှင့်​မြို့​ရိုး​မ​ပြီး​မီ ဒါ​ဝိဒ်​မြို့​တွင်​နေ​ထိုင်​ရန်​မင်း​သ​မီး​အား​ခေါ် ဆောင်​ခဲ့​၏။-

သင်​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို​စောင့် စား​လျက်​နေ​၏။ သို့​သော်​ထို​ပြည်​ကို​အား​ကိုး ခြင်း​သည် ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး ပြု​ခြင်း​နှင့်​တူ​ပေ​သည်။ ထို​ကူ​ရိုး​သည်​ကျိုး​၍ သင်​၏​လက်​ကို​စူး​လိမ့်​မည်။ အီ​ဂျစ်​ဘု​ရင်​ကား သူ့​ကို​အား​ကိုး​သူ​အ​ဖို့ ထို​အ​ရိုး​နှင့်​တူ​သည်' ဟု​မိန့်​တော်​မူ​သည်'' ဟု​ပြော​၏။

အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။

ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။ တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။-

ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ရေ​ချိုး​ရန် မြစ်​ထဲ​သို့​ဆင်း​လာ​စဉ်၊ သူ​၏​အ​ခြွေ​အ​ရံ​တို့ က​မြစ်​ကမ်း​ပေါ်​တွင်​လမ်း​လျှောက်​၍​စောင့်​ကြပ် နေ​ကြ​၏။ သ​မီး​တော်​သည်​ကိုင်း​တော​ထဲ​၌ ခြင်း​တောင်း​ကို​မြင်​လျှင်၊ ကျွန်​မ​တစ်​ယောက် ကို​လွှတ်​၍​ထို​ခြင်း​တောင်း​ကို​ယူ​ခဲ့​စေ​၏။-

မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။

သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊

စ​ပျစ်​ရည်​ခွက်​ဖ​လား​မှ​အ​မျက်​တော်​ရည် ကို​သောက်​ရ​ကြ​သည့်​အ​ခြား​သူ​များ​၏ စာ​ရင်း​မှာ၊ အီ​ဂျစ်​ဘု​ရင်​မှူး​မတ်​များ​နှင့်​ခေါင်း​ဆောင်​များ၊ အီ​ဂျစ်​အ​မျိုး​သား​များ​နှင့်​အီ​ဂျစ်​ပြည်​ရှိ လူ​မျိုး​ခြား​ရှိ​သ​မျှ၊ ဥ​ဇ​ပြည်​မင်း​အ​ပေါင်း၊ ဖိ​လိတ္တိ​ပြည်​ရှိ​အာ​ရှ​ကေ​လုန်​မြို့၊​ဂါ​ဇ​မြို့၊ ဧ​ကြုန်​မြို့​တို့​မှ​ဘု​ရင်​အ​ပေါင်း​နှင့်​အာ​ဇုတ် မြို့​သား အ​ကြွင်း​အ​ကျန်​ရှိ​သ​မျှ၊ ဧ​ဒုံ​ပြည်၊မော​ဘ​ပြည်​နှင့်​အမ္မုန်​ပြည်​သား အ​ပေါင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​ဘု​ရင်​အ​ပေါင်း၊ ပင်​လယ်​ရပ်​ခြား​မြေ​ထဲ​ပင်​လယ်​ဒေ​သ​တွင် အုပ်​စိုး​သည့်​ဘု​ရင်​အ​ပေါင်း၊ ဒေ​ဒန်​မြို့၊တေ​မ​မြို့​နှင့်​ဗု​ဇ​မြို့​တို့​မှ မြို့​သူ​မြို့​သား​အ​ပေါင်း၊ န​ဖူး​ပေါ်​မှ​ဆံ​ပင်​တို​ညှပ်​သူ​မှန်​သ​မျှ၊ အာ​ရပ်​ဘု​ရင်​အ​ပေါင်း၊ သဲ​ကန္တာ​ရ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​အား အ​စိုး​ရ​သည့်​ဘု​ရင်​အ​ပေါင်း၊ ဇိ​မ​ရိ​ပြည်၊ဧ​လံ​ပြည်​နှင့်​မေ​ဒိ​ပြည်​ဘု​ရင် အ​ပေါင်း​နှင့် မြောက်​ဘက်​ရှိ​ရပ်​နီး​ရပ်​ဝေး​မှ​ဘု​ရင် အ​ပေါင်း​တို့ ဖြစ်​ကြ​၏။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ နောက်​ဆုံး​သောက်​ရ​မည့်​သူ​မှာ​ဗာ​ဗု​လုန် ဘု​ရင်​ဖြစ်​ပေ​သည်။

``အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​အား `အ​ခွင့်​ကောင်း​ကို​လက်​လွတ်​သူ၊လေ​အိုး​ကြီး' ဟူ​သော​နာ​မည်​သစ်​ကို​ပေး​ကြ​လော့။

ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-

ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ