သူသည်နယ်စပ်ကိုဖြတ်၍ အီဂျစ်ပြည်ထဲ သို့ဝင်လာသောအခါ ထိုပြည်သားတို့က သူ၏မယားသည် ရုပ်ရည်လှသောအမျိုး သမီးဖြစ်ကြောင်းတွေ့မြင်ကြ၏။-
ထို့ကြောင့်သူတို့ကမေးလျှင်သင်သည်ငါ၏ နှမဖြစ်သည်ဟုပြောပါ။ ထိုအခါသင့်အတွက် ကြောင့် ငါ့ကိုအသက်ချမ်းသာပေး၍ကောင်းစွာ ပြုစုဆက်ဆံကြလိမ့်မည်'' ဟူ၍မှာကြားထား လေ၏။-
နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။-
လေအာသည်မျက်လုံးမျက်ဖန်လှ၏။ ရာခေလ မူကားကိုယ်လုံးကိုယ်ပေါက်လှ၍ရှုချင်ဖွယ် ကောင်း၏။
မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
ယောသပ်သည်ကိုယ်လုံးကိုယ်ပေါက်ကောင်း၍ လူ ချောလူလှတစ်ယောက်ဖြစ်ရကားကာလအတန် ကြာသောအခါ သူ့သခင်မသည်ယောသပ်အား စွဲလန်းလာသဖြင့်သူနှင့်အတူအိပ်ရန်ဖြား ယောင်းလေ၏။-
အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။-
သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။-