Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:11

Common Language Bible

ထို​နောက်``ကောက်​ပဲ​သီး​နှံ​နှင့်​သစ်​သီး​ပင်​အ​မျိုး မျိုး​ကို​မြေ​ကြီး​မှ​ပေါက်​စေ'' ဟု​အ​မိန့်​ပေး သည့်​အ​တိုင်း​ပေါက်​လာကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​မြေ​ကြီး​မှ အ​ပင်​အ​မျိုး​မျိုး​ပေါက် လာ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-

ဘု​ရား​သ​ခင်​က​လည်း``ကောက်​ပဲ​သီး​နှံ​အ​မျိုး မျိုး၊ သစ်​သီး​အ​မျိုး​မျိုး​တို့​ကို​သင်​တို့​စား​သုံး ရန်​ငါ​ပေး​၏။-

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``သင်​သည် အ​ကောင်း​နှင့်​အ​ဆိုး​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​စေ သော​အ​ပင်​၏​အ​သီး​မှ​တစ်​ပါး ဥ​ယျာဉ်​ထဲ​၌ ရှိ​သ​မျှ​သော​အ​ပင်​၏​အ​သီး​ကို​စား​နိုင်​၏။ ထို​အ​ပင်​၏​အ​သီး​ကို​ကား​မ​စား​ရ။ စား သော​နေ့​၌​သေ​ရ​မည်'' ဟု​လူ​အား​ပညတ် တော်​မူ​၏။

မြေ​ပေါ်​သို့​မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​သ ဖြင့်​အ​ပင်​မ​ပေါက်၊ အ​ညှောက်​လည်း​မ​ထွက် သေး။ မြေ​ကို​ထွန်​ယက်​မည့်​သူ​လည်း​မ​ရှိ​သေး။-

ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။

မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။

ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။

ကိုယ်​တော်​သည်​ကောင်း​ကင်​ပြင်​ကို​မိုး​တိမ် များ​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​စေ​တော်​မူ​၍ တောင်​ကုန်း​များ​တွင်​မြက်​များ​ကို​ပေါက်​စေ တော်​မူ​၏။

မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။ မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''

သစ်​ပင်​များ​အား​အ​မြစ်​ရင်း​မှ​ခုတ်​လှဲ​ပစ်​ရန် ပု​ဆိန်​ကို​အ​သင့်​ထား​ရှိ​ပြီ​ဖြစ်​၍ အ​သီး​ကောင်း ကို​မ​သီး​သည့်​အ​ပင်​ဟူ​သ​မျှ​သည်​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။

မြေ​ကြီး​သည်​အ​လို​အ​လျောက်​ကောက်​စ​ပါး ကို​ဖြစ်​စေ​၏။ ဦး​စွာ​ကောက်​ညွန့်​ကို​ထွက်​စေ​၏။ ထို​နောက်​ကောက်​နှံ​ကို​ဖြစ်​စေ​၏။ ထို​နောက်​ကောက် ဆန်​ကို​အောင်​စေ​၏။-

ဘု​ရား​သ​ခင်​သည်​အ​လို​တော်​နှင့်​အ​ညီ​ထို မျိုး​စေ့​အား​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။ ကိုယ် တော်​သည်​မျိုး​စေ့​အ​သီး​သီး​တို့​အား​သင့် တော်​သည့်​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။

ရွာ​သွန်း​သည့်​မိုး​ရေ​ကို​ခံ​ယူ​လျက်​လယ်​သ​မား တို့​အ​ဖို့ အ​သုံး​ဝင်​သော​အ​သီး​အ​နှံ​များ​ကို ဖြစ်​ထွန်း​စေ​သည့်​မြေ​ဆီ​လွှာ​ကို ဘု​ရား​သ​ခင် သည်​ကောင်း​ချီး​ပေး​တော်​မူ​၏။-

ငါ့​ညီ​အစ်​ကို​တို့၊ သဖန်း​ပင်​သည်​သံ​လွင်​သီး ကို​သီး​နိုင်​ပါ​သ​လော။ စပျစ်​ပင်​သည်​သ​ဖန်း သီး​ကို​သီး​နိုင်​ပါ​သ​လော။ ထို့​အ​တူ​ရေ​ငံ သည်​လည်း​ရေ​ချို​ကို​မ​ဖြစ်​ပေါ်​စေ​နိုင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ