Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:10

Common Language Bible

ကုန်း​ကို``မြေ​ကြီး'' ဟူ​၍​လည်း​ကောင်း၊ စု​ဝေး လျက်​ရှိ​သော​ရေ​ကို``ပင်​လယ်'' ဟူ​၍​လည်း​ကောင်း ခေါ်​တွင်​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​အ​လင်း​ရောင်​ကို​ရှု​မြင်​၍ နှစ်​သက်​တော်​မူ​၏။ ထို့​နောက်​အ​လင်း​နှင့် အ​မှောင်​ကို​ပိုင်း​ခြား​လျက်၊-

ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် ထာ​ဝ​စဉ်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​အ​တွက် ဝမ်း​မြောက်​တော်​မူ​ပါ​စေ​သော။

ကိုယ်​တော်​သည်​ကောင်း​ကင်၊ကမ္ဘာ​မြေ​ကြီး ပင်​လယ်​နှင့်​တ​ကွ​ယင်း​တို့​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​သစ္စာ​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​တော်​မူ​၏။

ပင်​လယ်​ရှိ​သ​မျှ​တို့​ကို​တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​စေ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​ရေ​များ​ကို သို​လှောင်​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား​တော် မူ​၏။

ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော ပင်​လယ်​ကို​လည်း​ကောင်း၊ မိ​မိ​လက်​တော်​ဖြင့်​ပြု​ပြင်​တော်​မူ​သည့်​ကုန်း​မြေ ကို​လည်း​ကောင်း​အ​စိုး​ရ​တော်​မူ​၏။

ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။-

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ