သန့်ရှင်းသောဝိညာဉ်တော်ကြွလာတဲ့အခါ ခွန်အားကိုရရှိပြီး ယေရုရှလင်မြို့မှာရော၊ ယုဒပြည်တစ်ပြည်လုံးမှာရော၊ ရှမာရိပြည်မှာရော၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်းကို သက်သေခံရလိမ့်မယ်။ (တမန်တော်ဝတ္ထု ၁:၈) နေ့စဉ်စားသောက်ရတဲ့အစာလို၊ ရေလိုပဲ ကိုယ့်ဘဝမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပြည့်စုံမှုက အရမ်းအရေးကြီးတယ်။ ဒီခွန်အားက ဘဝရဲ့အခက်အခဲတွေ၊ သွေးဆောင်မှုတွေကို အောင်မြင်ဖို့ အရေးပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ခွန်အားက လူသားတစ်ယောက်ကို အသစ်ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားရှိတယ်။
ဒါကြောင့် ကိုယ့်ရဲ့စိတ်ဝိညာဉ်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တည်ရှိမှုကို အမြဲတမ်းခံစားရဖို့ ဆုတောင်းရမယ်။ ဘာကြောင့်လဲဆိုတော့ သူက စိတ်ဆင်းရဲတဲ့အချိန်မှာ ခွန်အားပေးမယ်၊ စမ်းသပ်မှုတွေမှာ အောင်မြင်စေမယ်၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လောကကြီးမှာ ခိုင်မာစေမယ်။ သန့်ရှင်းသောဝိညာဉ်တော်က အံ့ဩဖွယ်ကောင်းတဲ့ တည်ရှိမှုတစ်ခုဖြစ်ပြီး အမြဲတမ်းရှိနေတယ်။ သူ့ရဲ့ကျေးဇူးတော်က ကျွန်ဘဝကနေ လွတ်မြောက်မှုကိုပေးတယ်၊ မုန်တိုင်းထန်နေတဲ့အချိန်မှာ ငြိမ်းချမ်းမှုကိုပေးတယ်၊ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ ယုံကြည်ခြင်းကိုပေးတယ်။
ဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ ဆက်သွယ်မှုကို မပျက်စေနဲ့။ ဘုရားသခင်က ပြင်ဆင်ပေးထားတဲ့ ကောင်းကင်နိုင်ငံတော်မှာ နေထိုင်ရဖို့၊ သန့်ရှင်းတဲ့ဘဝနဲ့ နေထိုင်ရဖို့ သူ့ရဲ့လမ်းပြမှုကို လိုက်နာပြီး သူ့ဆီက အသက်ရေကို သောက်သုံးရမယ်။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊
၎င်း ပြင် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင်၏ ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ခ ရစ် တော် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ သော ထို အ ရှင် သည် သင် တို့၌ ကိန်း ဝပ် သော ဝိ ညာဉ် တော် ကြောင့် သင် တို့၏ အ နိ စ္စ ခ န္ဓာ များ ကို ပင် ရှင် စေ တော် မူ လိမ့် မည်။
စေ တ မန် တော် က၊ သန့် ရှင်း သော ဝိ ညာဉ် တော် သည်၊ သင့် အ ပေါ် သို့ ဆင်း သက်၍။ မြင့် မြတ် သော အ ရှင်၏ တန် ခိုး တော် လည်း၊ လွှမ်း မိုး လိမ့် မည်။ ထို ကြောင့် ဖွား မည့် သူ ငယ် သည် သန့် ရှင်း သော အ ရှင်၊ ဘု ရား သ ခင့် သား တော် ဟု အ ခေါ် ခံ ရ လ တ္တံ့။
သို့ ရာ တွင် သင် တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် သည့် အ ခါ သင် တို့ သည် တန် ခိုး ရ ရှိ ကြ သ ဖြင့် ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ရှ မာ ရိ နယ် မှ စ၍ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ငါ့ သက် သေ များ ဖြစ် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊
လူ့ ပ ညာ၌ မ တည်။ ဘု ရား သ ခင်၏ တန် ခိုး တော်၌ တည် စေ ခြင်း ငှာ ဉာဏ် ပ ညာ ယှဉ် သော သွေး ဆောင် ခြင်း စ ကား ဖြင့် မ ဟုတ်။ တန် ခိုး ကြီး စွာ ဝိ ညာဉ် တော် သက် သေ ပေး တော် မူ သည့် အ လျောက် ကြော် ငြာ ဟော ပြော ခဲ့ ၏။
ယေ ရှု သည် ဝိ ညာဉ် တော်၏ တန် ခိုး တော် နှင့်၊ ဂါ လိ လဲ နယ် သို့ ပြန် ကြွ၍ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကိုယ် တော့် အ ကြောင်း သ တင်း ကြေ ငြာ လျက်၊
ငါ မှာ မူ၊ ယာ ကုပ် အ မျိုး အား ကိုယ့် လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး အား ကိုယ့် ပြစ် မှု ကို ဖော် ပြ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား၏ ဝိညာဉ် တော် ကြောင့်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ၊ နှုတ် သ တ္တိ နှင့် ပြည့် စုံ လေ ပြီ။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ဝိ ညာဉ် တော် နှင့် လွတ် အောင် မည် သည့် အ ရပ် သို့ သွား ခွင့်၊ အ ပါး တော် နှင့် ကင်း အောင် မည် သည့် အ ရပ် သို့ ပြေး ခွင့် ရ ပါ အံ့ နည်း။အ ကယ်၍၊ ကောင်း ကင် သို့ တက် လျှင်၊ ကိုယ် တော် ရှိ ပါ၏။ မ ရ ဏာ့ နိုင်၌ အိပ် ရာ ကို ခင်း လျှင်၊ ရှိ တော် မူ ပါ သည် တ ကား။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှါ လည်း ကောင်း၊ အ ကျဥ်း သား တို့ ပွင့် လွတ် ခွင့်၊ မျက် မ မြင် တို့ အား မြင် ရ ခွင့် ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား စေ ခြင်း ငှါ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ငါ့ အ ပေါ် တွင် တည် နေ လျက် ရှိ သည် ဟူ သော အ ချက် ကို တွေ့ တော် မူ ၏။
ကိုယ် တော် သည် ဘုန်း တော် ကြွယ် ဝ သည့် အ တိုင်း ဝိ ညာဉ် တော် အား ဖြင့် သင် တို့ အ ဇ္ဈ တ္တ လူ ကို ခွန် အား နှင့် သန် စွမ်း စေ တော် မူ ပါ မည့် အ ကြောင်း၊
၎င်း ပြင် ငါ့ ခ မည်း တော် က တိ ထား တော် မူ ရာ ကို သင် တို့ ထံ ငါ စေ လွှတ် လိုက် မည် ဖြစ်၍ အ ထက် မှ တန် ခိုး နှင့် အ ခြုံ မ ခံ ရ မီ ဤ မြို့ တွင် နေ ကြ လော့ ဟု မိန့် တော် မူ ၏။
အ ရှင် ဘု ရား သည် ဆို ခဲ့ သော ဝိ ညာဉ် တော် ဖြစ် လျက် အ ရှင် ဘု ရား၏ ဝိ ညာဉ် တော် ရ ရှိ သူ တိုင်း လွတ် ခွင့် ရှိ၏။
ထို အ ခါ၊ ငါ့ အား စေ တ မန် တော် က၊ ဤ အ ရာ ကား၊ အ လုံး အ ရင်း ကြောင်း မ ဟုတ်၊ အ စွမ်း သ တ္တိ ကြောင့် လည်း မ ဟုတ်၊ ငါ့ ဝိညာဉ် တော် ကြောင့် သာ အ ကြံ မြောက် မည် ဟု၊ ဇေ ရု ဗ ဗေ လ အား ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဗျာ ဒိတ် တော် တည်း။
ငါ့ ဝိ ညာဉ် တော် ကို သွင်း ၍၊ ထုံး ဖွဲ့ တော် မူ ချက် များ အ တိုင်း လိုက် လျှောက် စေ သ ဖြင့်၊ ဆုံး ဖြတ် တော် မူ ချက် များ ကို လည်း၊ သင် တို့ စောင့် ထိန်း လိုက် နာ ကြ လ တ္တံ့။
ငါ တို့ သည် ဝိ ညာဉ် တော် အား ဖြင့် အ သက် ရှင် ကြ သည် မှန် လျှင် ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ ကုန် အံ့။
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။ထို သို့ သော ပါ ရ မီ နှင့် ဆန့် ကျင် သော တ ရား မ ရှိ။
ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
သင် တို့ အား ဝိ ညာဉ် တော် ကို မ စ သ နား လျက် သင် တို့၌ အ မှု ကြီး များ ကို ပြု ပြင် တော် မူ သော အ ရှင် သည် ပ ညတ် တ ရား အ လိုက် ကျင့် ခြင်း ကြောင့် စီ ရင် တော် မူ သ လော။ ယုံ ကြည်၍ နာ ယူ ခြင်း ကြောင့် စီ ရင် တော် မူ သ လော။
ဘု ရား သ ခင်၏ နက် နဲ ရာ များ တိုင် အောင် အ ရာ ခပ် သိမ်း ကို ဝိ ညာဥ် တော် စီ စစ် တော် မူ သည့် အ လျောက် ဆို ခဲ့ သည့် အ ရာ များ ကို ငါ တို့ အား ဝိ ညာဥ် တော် ဖြင့် ဘု ရား သ ခင် ဖွင့် ပြ တော် မူ ၏။
ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ပို့ အ ဆောင် ခံ ရ သ မျှ သော သူ တို့ သည် ဘု ရား သ ခင့် သား များ ဖြစ် ကြ၏။
လူ၏ အ ဇ္စျ တ္တ အ ကြောင်း အ ရာ များ ကို သူ၌ ရှိ သော ဝိ ညာဥ် မှ တစ် ပါး မည် သူ မျှ မ သိ သည့် နည်း တူ ဘု ရား သ ခင်၏ အ ဇ္စျ တ္တ အ ကြောင်း အ ရာ များ ကို ဘု ရား သ ခင့် ဝိ ညာဉ် တော် မှ တစ် ပါး မည် သူ မျှ မ သိ။
သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။
ဤ အ ကြောင်း အ ရာ များ ကို ငါ တို့ သက် သေ ခံ ကြ သည့် ပြင် လိုက် နာ သူ တို့ အား ဘု ရား သ ခင် သ နား တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် လည်း သက် သေ ခံ တော် မူ သည် ဟု ပြန် ဆို ကြ၏။
နာ ဇ ရက် မြို့ သား ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် တန် ခိုး တော် နှင့် ဘု ရား သ ခင့် ထံ ဘိ သိက် တော် ခံ ရ ပြီး လျှင် ကိုယ် တော် နှင့် အ တူ ဘု ရား သ ခင် ရှိ တော် မူ သည် နှင့် အ ညီ ကျေး ဇူး ပြု လျက် မာရ် နတ် နှိပ် စက် သူ ခပ် သိမ်း ကို ကျန်း မာ စေ လျက် လှည့် လည် နေ သည် ကို လည်း ကောင်း သင် တို့ သိ ကြ လေ ပြီ။
သမ္မာတရားဆိုင်ရာဝိညာဉ်တော်ကြွရောက်တော်မူလျှင်ကား ကိုယ့်အလိုအလျောက်မဟောဘဲ ကြားနာသမျှကိုဟောလျက် နောင်အမှုအရေးများကိုလည်းညွှန်ပြသဖြင့် သမ္မာတရားအလုံးစုံသို့ပို့ဆောင်တော်မူလိမ့်သတည်း။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
သို့သော်လည်း အမှန်အတိုင်းငါဆိုသည်မှာ ငါမသွားလျှင် အမှုဆောင်အရှင်သည် သင်တို့ထံကြွရောက်တော်မူမည်မဟုတ်။ သွားလျှင်မူကား ငါစေလွှတ်မည်ဖြစ်သောကြောင့် သင်တို့အဖို့ ငါသွားခြင်းကောင်း၏။
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
သူ တို့ နှင့် အ တူ စား တော် ခေါ် စဉ် ငါ ကြား ပြော ဖူး သော ခ မည်း တော် က တိ ထား တော် မူ ရာ ကို စောင့် မျှော် လျက်၊ ယေ ရု ရှ လင် မြို့ မှ မ ထွက် မ သွား ဘဲ နေ ကြ လော့။ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန် ၏။ သင် တို့ မူ ကား၊ နေ့ ရက် များ စွာ မ ကြာ မီ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗတ္တိ ဇံ မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည် ဟု မိန့် မှာ တော် မူ ၏။
လူ့ ပ ညာ၌ မ တည်။ ဘု ရား သ ခင်၏ တန် ခိုး တော်၌ တည် စေ ခြင်း ငှာ ဉာဏ် ပ ညာ ယှဉ် သော သွေး ဆောင် ခြင်း စ ကား ဖြင့် မ ဟုတ်။ တန် ခိုး ကြီး စွာ ဝိ ညာဉ် တော် သက် သေ ပေး တော် မူ သည့် အ လျောက် ကြော် ငြာ ဟော ပြော ခဲ့ ၏။
ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။
ပျော် ကြူး မှု ဖြစ် စေ တတ် သော စ ပျစ် ရည် နှင့် မူး ယစ် ခြင်း မ ရှိ ဘဲ ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊
ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။
ငါ ဆို သည် ကား ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ လော့။ သို့ ပြု လျင် ရုပ် ခ န္ဓာ တပ် မက် ခြင်း ကို မ ပြည့် စေ ဘဲ ရှိ ကြ လိမ့် မည်။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား သန့် ရှင်း သော ဝိ ညာဉ် တော် ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော ဟု မိန့် တော် မူ၏။
ပေါ လု လက် တင် သည့် ကာ လ သူ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် တော် မူ သ ဖြင့် ဘာ သာ စ ကား ထူး ပြော လျက် ဟော ရ ကြ၏။
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊ဘု ရား သ ခင့် သ ဘော တော် အ တိုင်း သီး သန့် ထား တော် မူ သူ တို့ အ ဖို့ ဝိ ညာဉ် တော် အ သ နား ခံ လျက် စွဲ လမ်း ကြောင်း စိတ် နှ လုံး များ ကို စီ စစ် သော အ ရှင် သိ မှတ် တော် မူ ၏။
သို့ ဖြစ်၍ ငါ သိ မြင် နား လည် စေ လို သည် မှာ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် အား ဖြင့် ပြော ဆို သူ က ယေ ရှု သည် အ မင်္ဂ လာ ရှိ ကြောင်း မ ဆို တတ်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် မ ပြော ဆို သူ က ယေ ရှု သည် အ ရှင် ဖြစ် ကြောင်း ဝန် မ ခံ နိုင်။
ဗျာ ဒိတ် တော် ကား၊ နောင် လာ လ တ္တံ့ သော ကာ လ တွင် လူ အ ပေါင်း တို့ အ ပေါ် သို့ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သင် တို့ သား သ မီး များ သည် တ ရား ဟော လျက် လူ ပျို တို့ သည် ရူ ပါ ရုံ မျှော် မြင် လျက်၊ လူ အို တို့ သည် အိပ် မက် လျက် နေ ရ ကြ လ တ္တံ့။၎င်း ပြင် ငါ့ ကျွန် ယော ကျ်ား၊ ကျွန် မိန်း မ တို့ အ ပေါ် သို့ ထို နေ့ ရက် ကာ လ၌ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သူ တို့ တ ရား ဟော ရ ကြ လ တ္တံ့။
ဝိ ညာဉ် တော် ကို လွှတ် သော်၊ ဖန် ဆင်း ခြင်း ခံ ရ ၍၊ မြေ မျက် နှာ ပြင် သည်၊ အ သစ် ဖြစ် ရ ပြန် ပါ ၏။
၄င်း အ ပေါ် တွင် ဉာဏ် ပ ညာ ဉာဏ် ပ ဋိ ဘာန်သ ဘော၊ အ ကြံ နှင့် စွမ်း ရည် ကောင်း သောသ ဘော၊ ထာ ဝ ရ ဘု ရား ကို သိ ကျွမ်း၍ ခန့် ညား သောသ ဘော တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ကိန်း ဝပ် တော် မူ လိမ့် မည်။
သင် တို့ မှာ မူ ဘု ရား သ ခင့် ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ရုပ် ခ န္ဓာ အောက် မ ဟုတ်။ နာမ် ခ န္ဓာ အောက် နေ ကြ၏။ ခ ရစ် တော်၏ ဝိ ညာဉ် တော် မ ရှိ သူ သည် ခ ရစ် တော် နှင့် မ ဆိုင်။
သင် တို့ သည် ဘု ရား သ ခင်၏ ဗိ မာန် တော် ဖြစ် ကြ သည် ကို လည်း ကောင်း၊ သင် တို့၌ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် ကိန်း ဝပ် တော် မူ သည် ကို လည်း ကောင်း မ သိ ကြ လော။
နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၊ အ မျိုး မျိုး သော အ မှု ကြီး များ နှင့် လည်း ကောင်း၊ အ လို တော် အ လျောက် ဝေ မျှ တော် မူ သည့် သန့် ရှင်း သော် ဝိ ညာဉ် တော် ဆု များ နှင့်လည်း ကောင်း ဘု ရား သ ခင် သက် သေ ခံ တော် မူ၏။
ရေ သွေး အ စုံ ဖြင့် ကြွ လာ သော အ ရှင် ကား ယေ ရှု ခ ရစ် တည်း။ ရေ နှင့် သာ မ ဟုတ်၊ ရေ နှင့် လည်း ကောင်း၊ သွေး နှင့် လည်း ကောင်း ကြွ လာ တော် မူ၏။
ဘု ရား သ ခင်၏ ဝိ ညာဉ် တော် အား ဖြင့် နတ် များ ကို ငါ နှင် ထုတ် သည် မှန် လျှင် ဘု ရား သ ခင်၏ နိုင် ငံ တော် သည် သင် တို့ ထံ ရောက် နှင့် လေ ပြီ။
ထို သ တင်း ကို ပေ တ ရု ပြန် ကြား စဉ် တ ရား တော် ကို ကြား နာ သူ ရှိ သ မျှ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် တော် မူ၏။လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ရ သူ တို့ အ နက် ယုံ ကြည်၍ ပေ တ ရု နှင့် လိုက် လာ သူ တို့ သည် ဘာ သာ စ ကား ထူး ပြော ဆို လျက် ဘု ရား သ ခင့် ဂုဏ် တော် ချီး မြှောက် ကြ သည် ကို ကြား ရ သည် နှင့် လူ မျိုး ခြား တို့ အ ပေါ် သို့ လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ဆု ကျေး ဇူး ကို သွန်း လောင်း တော် မူ သည့် အ တွက် အံ့ သြ ကြ ရာ၊
၎င်း ပြင် သင် တို့၏ ကိုယ် ခ န္ဓာ သည် ဘု ရား သ ခင် သ နား တော် မူ၍ သင် တို့ အ တွင်း၌ စံ နေ သည့် သန့် ရှင်း သော ဝိ ညာဉ် တော်၏ ဗိ မာန် ဖြစ် ကြောင်း မ သိ ကြ လော။
တ ပည့် တော် တို့ လည်း ဝမ်း မြောက် ခြင်း နှင့်လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း ပြည့် ကြ ကုန်၏။
မြွေ၊ ကင်း များ ကို နင်း ခွင့်၊ ရန် သူ၏ တန် ခိုး ရှိ သ မျှ ကို နိုင် ခွင့် အာ ဏာ ငါ ပေး အပ်၍၊
၎င်း ပြင် ဘု ရား သ ခင်၏ ညာ လက် ရုံး တော် ဖြင့် ချီး မြှောက် ခံ ရ၍ က တိ ထား တော် မူ ခဲ့ သည့် သန့် ရှင်း သော ဝိညာဉ် တော် ကို ခ မည်း တော့် ထံ ခံ ရ သ ဖြင့် သင် တို့ ယ ခု ကြား မြင် သ မျှ ကို သွန်း လောင်း တော် မူ ပြီ။
သင် တို့ သည် သား များ ဖြစ် သော ကြောင့် အ ဗ္ဗ၊ အ ဘ ဟု ကြွေး ကြော် သော သား တော်၏ ဝိ ညာဉ် ကို သင် တို စိတ် နှ လုံး ထဲ သို့ ဘု ရား သ ခင် စေ လွတ် တော် မူ သ ဖြင့်၊
သင် တို့ ရှိ သ မျှ မှာ မူ သန့် ရှင်း တော် မူ သော အ ရှင့် ထံ မှ ဘိ သိက် ခံ ရ သည့် အ လျောက် အ သိ ပ ညာ ရ ကြ ပြီ။
တ မန် တော် တို့ လည်း အ ရှင် ယေ ရှု၏ ရှင် ပြန် ထ မြောက် တော် မူ ခြင်း အ ကြောင်း ကို ရဲ စွမ်း သော အာ ဏာ နှင့် သက် သေ ခံ ကြ သည့် ပြင် ရှိ သ မျှ တို့ အ ပေါ် တွင် ကြီး စွာ သော ကျေး ဇူး တော် တည် ၏။
သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။
ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။
ခ ရစ် တော်၏ နာ မ တော် အ တွက် ကဲ့ ရဲ့ ခံ ရ ကြ သော် ဘုန်း တော့် ဆိုင် ရာ ဝိ ညာဉ် တော် ဘု ရား သ ခင့် ဝိ ညာဉ် တော် သည် သင် တို့ အ ပေါ် တွင် ကိန်း ဝပ် တော် မူ သော ကြောင့် မင်္ဂ လာ ရှိ ကြ ၏။
ဖြု ဂိ နှင့် ဂ လာ တိ နယ် ကို လျှောက် သွား ပြီး လျှင် အာ ရှိ ပြည် တွင် တ ရား တော် ကို မ ဟော ကြ စေ ရန် သန့် ရှင်း သော ဝိ ညာဉ် တော် ကန့် ကွက် တော် မူ သည့် အ တိုင်း၊မု သိ နယ် အ နီး သို့ ရောက် သည့် ကာ လ ဗိ သု နိ ပြည် ရောက် သွား မည် ပြု ကြ သော် ယေ ရှု၏ ဝိ ညာဉ် တော် ခွင့် ပြု တော် မ မူ သော ကြောင့်၊
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။သင် တို့၌ ခ ရစ် တော် တည် လျှင် မူ ကား ကိုယ် ခ န္ဓာ သည် ပြစ် မှား ခြင်း ကြောင့် အ သေ ဖြစ် သော် လည်း နာမ် ခ န္ဓာ သည် ဖြောင့် မတ် ခြင်း ကြောင့် အ သက် ဖြစ်၏။၎င်း ပြင် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင်၏ ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ခ ရစ် တော် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ သော ထို အ ရှင် သည် သင် တို့၌ ကိန်း ဝပ် သော ဝိ ညာဉ် တော် ကြောင့် သင် တို့၏ အ နိ စ္စ ခ န္ဓာ များ ကို ပင် ရှင် စေ တော် မူ လိမ့် မည်။သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ငါ တို့၌ တာ ဝန် ရှိ သည် မှန် သော် လည်း ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် ရန် မ ဟုတ်။သင် တို့ သည် ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် လျှင် သေ ရ ကြ မည်။ နာမ် ခ န္ဓာ အား ဖြင့် ကိုယ် ခ န္ဓာ၏ အ ကျင့် များ ကို သတ် လျှင် မူ ကား အ သက် ရှင် ကြ လိမ့် မည်။ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ပို့ အ ဆောင် ခံ ရ သ မျှ သော သူ တို့ သည် ဘု ရား သ ခင့် သား များ ဖြစ် ကြ၏။ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။ဘု ရား သ ခင့် သား တို့ ပွင့် ခြင်း ကို ဖန် ဆင်း တော် မူ ရာ များ ပင် တောင့် တ စောင့် မျှော် လျက် နေ ကြ၏။အ သက် ရှင် ခြင်း ဆိုင် ရာ ဝိ ညာဉ် တော် တ ရား သည် အ ပြစ် တ ရား နှင့် သေ ခြင်း တ ရား မှ ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ့ ကို လွတ် စေ လေ ပြီ။