အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ ကို သ နား တော် မူ၏။ အ သိ ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် သည် နှုတ် တော် မှ ထွက် ၏။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ ဉာဏ် ပ ညာ၏ အ စ မူ လ ဖြစ်၏။ သန့် ရှင်း တော် မူ သော အ ရှင် ကို သိ ကျွမ်း ခြင်း သည်၊ ဉာဏ် ပ ဋိ ဘာန် ဖြစ်၏။
ဉာဏ် ပ ညာ ကို ရှာ တွေ့၍၊ ဉာဏ် ပ ဋိ ဘာန် ကို ရ သူ၌ မင်္ဂ လာ ရှိ ၏။ဉာဏ် ပ ညာ ကို ကုန် သွယ် ခြင်း သည်၊ ငွေ ကုန် သွယ် ခြင်း ထက် လည်း ကောင်း၊ အ မြတ် လည်း၊ ရွှေ ထက် လည်း ကောင်း၊ သာ ၍ ကောင်း ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ အ သိ ပ ညာ၏ စ တည် ရာ ဖြစ်၏။ သူ မိုက် တို့ မူ ကား၊ ဉာဏ် ပ ညာ နှင့် ဆုံး မ သွန် သင် ခြင်း ကို မ ထီ လေး စား ပြု တတ် ကြ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ ဉာဏ် ပ ညာ၏ စ တည် ရာ ဖြစ်၏။ လိုက် နာ သ မျှ သော သူ တို့ သည်၊ ဉာဏ် ကောင်း သူ တို့ တည်း။ ဂုဏ် တော် ကို ချီး မွမ်း ခြင်း လည်း၊ ကာ လ အ စဉ် တည် ၏။
ဉာဏ် ပ ညာ သည် အ ထွဋ် အ မြတ် ဖြစ် သ ဖြင့်၊ ဆည်း ပူး လော့။ ဆည်း ပူ အပ် သ မျှ တွင်၊ ဉာဏ် ပ ဋိ ဘာန် ကို အ ထူး ဆည်း ပူး လော့။
ကိုယ် တော်၌ ကား၊ ဉာဏ် ပ ညာ၊ တန် ခိုး တော် ရှိ၍၊ အ ကြံ အ စည်၊ ဉာဏ် ပ ဋိ ဘာန် ကို လည်း ပိုင် တော် မူ၏။
အ ဆုံး၌ ပ ညာ ရ စေ ခြင်း ငှာ၊ အ ကြံ ပေး ရာ ကို ဆင် ခြင်၍၊ ဆုံး မ သွန် သင် ခြင်း ကို လည်း၊ နာ ယူ လော့။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော အ ဘ ခ မည်း တော် သည် ခေါ် ထား တော် မူ ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း၊ သီး သန့် ထား တော် မူ သူ တို့ ခံ စား ရ သော ပိုင် စု ဆိုင် ရာ ဘုန်း အ သ ရေ ကြွယ် ဝ ခြင်း၊ ယုံ ကြည် သူ ငါ တို့ အ ပေါ်၌ တည် သော တန် ခိုး တော့် ဆိုင် ရာ ကြီး မြတ် လွန် ကဲ ခြင်း များ ကို သိ မြင် ကြ စေ ရန် မ နော စ က္ခု ပွင့် လင်း စေ လျက် ကိုယ် တော် ကို သိ ကျွမ်း ရာ၌ ဗျာ ဒိတ် တော် နှင့် ဉာဏ် ပ ညာ သ ဘော ကို ပေး သ နား တော် မူ ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ၏။
ဉာဏ် ပ ညာ သည် ပ တ္တ မြား ထက် မွန် မြတ် သ ဖြင့်၊ နှစ် သက် သ မျှ အ ခြား အ ရာ များ လည်း မ ပြိုင် မ နှိုင်း ရာ၊
အ ထက် မှ ဆင်း သက် သော ဉာဏ် ပ ညာ မူ ကား ဦး စွာ သန့် စင်၍ နောက် သင့် တင့် နူး ညံ့ လိုက် နာ လျက် မျက် နှာ ရွေး ခြင်း၊ ဟန် ဆောင် ခြင်း မဲ့ လျက် က ရု ဏာ နှင့် လည်း ကောင်း၊ ကောင်း ကျိုး များ နှင့် လည်း ကောင်း ပြည့် စုံ ၏။
ငွေ့ အ ရင်၊ ငါ၏ ဆုံး မ သွန် သင် ခြင်း ကို လည်း ကောင်း၊ ချွတ် ပြီး သော ရွှေ့ အ ရင်၊ အ သိ ပ ညာ ကို လည်း ကောင်း၊ ခံ ယူ ကြ လော့။ဉာဏ် ပ ညာ သည် ပ တ္တ မြား ထက် မွန် မြတ် သ ဖြင့်၊ နှစ် သက် သ မျှ အ ခြား အ ရာ များ လည်း မ ပြိုင် မ နှိုင်း ရာ၊
ဉာဏ် ပ ညာ ကို ရ ခြင်း သည် ရွှေ ထက် လည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကို ရွေး ရ ခြင်း သည် ငွေ ထက် လည်း ကောင်း၊ သာ ၍ မြတ် ၏။
ထို သို့ ပြု သည် မှာ ဤ သူ တို့ သည် မေ တ္တာ တ ရား ဖြင့် ဖွဲ့ စည်း လျက် ကြွယ် ဝ စုံ လင် စွာ နား လည် ခွင့်၊ ခ ရစ် တော် တည်း ဟူ သော ဘု ရား သ ခင့် နက် နဲ ရာ ကို ထိုး ထွင်း ခွင့် ရ၍ စိတ် အား တက် စေ ခြင်း ငှာ တည်း။အ ကယ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ လော ကီ စာ ဝါ ငယ်၌ သေ ကြ ပြီ မှန် လျှင် အ သုံး များ သ ဖြင့် ပျက် ယွင်း တတ် သော အ ရာ ရာ နှင့် စပ်၍ စွဲ ကိုင် ခြင်း၊ မြည်း စမ်း ခြင်း၊ တို့ ထိ ခြင်း မ ပြု ရ ဟူ သော စီ ရင် ထုံး များ အောက် လူ တို့ မှာ ထား ချက်၊ သွန် သင် ချက် အ လိုက် လော က တွင် အ သက် ရှင် သ ကဲ့ သို့ အ ဘယ် ကြောင့် နေ ကြ သ နည်း။ထို သို့ သော အ ချက် များ ကား အ လို အ လျောက် ကိုး ကွယ် ခြင်း၊ နှိမ့် ချ ခြင်း၊ ကိုယ် ကာ ယ ကို ချိုး ဖဲ့ ခြင်း များ ဖြင့် ပ ညာ လ က္ခ ဏာ ရှိ သော် လည်း ဇာ တိ သ ဘော ကို ချုပ် တည်း ရန် စွမ်း ရည် မ ရှိ။ကိုယ် တော်၌ ဉာဏ် ပ ညာ၊ အ သိ ပ ညာ အ မျိုး မျိုး တို့ သည် သိုက် သ ဖွယ် ကွယ် ဝှက် သည် တ ကား။
ဘု ရား သ ခင်၏ မိုက် မဲ ခြင်း သည် လူ တို့ ပ ညာ ထက် ကောင်း၏။ ဘု ရား သ ခင်၏ အား နည်း ခြင်း လည်း လူ တို့ ခွန် အား ထက် သန် စွမ်း ၏။
ဉာဏ် ကောင်း သော သူ၏ စိတ် သည်၊ အ သိ ပ ညာ ကို ရ၏။ ပ ညာ ရှိ သူ၏ နား သည်၊ အ သိ ပ ညာ ကို လိုက် နာ တတ် ၏။
မိုက် မဲ သော သူ သည်၊ ယုတ် မာ သိမ် ဖျင်း ခြင်း ၌ လည်း ကောင်း၊ ဉာဏ် ရှိ သော သူ သည်၊ ပ ညာ ၌ လည်း ကောင်း၊ မွေ့ လျော် တတ် ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ ဉာဏ် ပ ညာ ဖြစ်၏။ ဒု စ ရိုက် ကို ကြဉ် ရှောင် သော သ ဘော လည်း၊ ဉာဏ် ပ ဋိ ဘာန် တည်း ဟု၊ လူ တို့ အား မိန့် တော် မူ သည် ဟူ၍ မြွက် ဆို လေ၏။
အ ဘယ့် ကြောင့် ဆို သော်၊ ငွေ ရ တ နာ သည် အ ရိပ် အ ကာ သ ဖွယ် ဖြစ် သည့် နည်း တူ၊ ပ ညာ လည်း အ ရိပ် အ ကာ သ ဖွယ် ဖြစ်၏။ အ သိ ပ ညာ အ ကျိုး ဟူ မူ ကား၊ ပ ညာ ရှင့် အ သက် ကို ရှည် စေ တတ် သ တည်း။
ထောင် လွှား သော စိတ် အား ဖြင့်၊ ရန် ပွား ခြင်း သက် သက် ဖြစ်၏။ အ ကြံ ပေး ရာ လိုက် နာ သူ တို့၌ မူ ကား၊ ဉာဏ် ပ ညာ ရှိ၏။
လိ မ္မာ သော သူ၏ ပ ညာ သည်၊ ကိုယ့် အ လေ့ အ လာ ကို ဆင် ခြင် ပိုင်း ခြား ခြင်း ဖြစ်၏။ လူ ဗာ လ တို့၏ မိုက် မဲ ခြင်း မူ ကား၊ ပ ရိ ယာယ် တည်း။
သို့ ရာ တွင် စုံ လင် ရာ ရောက် သူ တို့ ဘောင်၌ ဉာဏ် ပ ညာ ယှဉ် သော စ ကား ကို ငါ တို့ ပြော ဆို တတ်၏။ ထို သို့ ဆို သော် ယ ခု ကာ လ ဉာဏ် ပ ညာ မ ဟုတ်။ ပ ပျောက် ဆဲ ဖြစ် သော ယ ခု ကာ လ မင်း တို့၏ ဉာဏ် ပ ညာ လည်း မ ဟုတ်။ငါ တို့ ဘုန်း အ သ ရေ ဖြစ် စေ ရန် ဘု ရား သ ခင် တင် ရင် စီ မံ လျက် ဝှက် ထား တော် မူ ခဲ့ ရာ နက် နဲ သော ဘု ရား သ ခင့် ပ ညာ တော် ကို ဖော် ပြ ကြ၏။
ဉာဏ် ပ ညာ ကိုလည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကိုလည်း ကောင်း၊ သ တိ မ လစ် ဘဲ ဆည်း ပူး လော့။ ငါ နှုတ် မြွက် သော စ ကား ကို မ လွှဲ မ ပယ် နှင့်။ဉာဏ် ပ ညာ ကို မ စွန့် နှင့်။ သင့် အား စောင့် ရှောက် လိမ့် မည်။ ချစ် လော့။ စောင့် ထိန်း လိမ့် မည်။
ဉာဏ် ပ ညာ လမ်း ကို၊ သင့် အား ငါ ပြ သ ပြီ။ ဖြောင့် မတ် သော လမ်း ခ ရီး ဖြင့် လည်း၊ ငါ ပို့ ဆောင် ပြီ။
သင့် လက် ထက် တည် မြဲ တည်၍၊ ကယ် တင် ခြင်း၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကြွယ် ဝ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည် လူ မျိုး တော်၏ ဘ ဏ္ဍာ ဖြစ် လိမ့် မည်။
ဉာဏ် ပ ညာ သည် ခေါ် လျက်၊ ဉာဏ် ပ ဋိ ဘာန် လည်း စ ကား သံ ကို လွှင့် လျက် နေ သည် မ ဟုတ် လော။ငွေ့ အ ရင်၊ ငါ၏ ဆုံး မ သွန် သင် ခြင်း ကို လည်း ကောင်း၊ ချွတ် ပြီး သော ရွှေ့ အ ရင်၊ အ သိ ပ ညာ ကို လည်း ကောင်း၊ ခံ ယူ ကြ လော့။ဉာဏ် ပ ညာ သည် ပ တ္တ မြား ထက် မွန် မြတ် သ ဖြင့်၊ နှစ် သက် သ မျှ အ ခြား အ ရာ များ လည်း မ ပြိုင် မ နှိုင်း ရာ၊ငါ့ ပ ညာ သည်၊ အ လိ မ္မာ ဉာဏ်၌ တည် လျက်၊ ထိုး ထွင်း သော အ တတ် ကို ရှာ တွေ့ ရ ၏။ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော ကား။ ဒု စ ရိုက် ကို မုန်း ထား ခြင်း တည်း။ မာ န ကြီး ခြင်း နှင့် မောက် မာ ခြင်း ကို လည်း ကောင်း၊ မ ကောင်း သော အ လေ့ အ လာ နှင့် ကောက် ကျစ် သော နှုတ် ကိုလည်း ကောင်း၊ ငါ မုန်း ထား ၏။ကြံ စည် ခြင်း နှင့် အ မျှော် အ မြင် ပ ညာ သည် ငါ၌ ရှိ၏။ ငါ သည် အ စွမ်း သ တ္တိ နှင့် ပြည့် စုံ လျက်၊ ဉာဏ် ပ ဋိ ဘာန် ဖြစ် သ တည်း။ဘု ရင် မင်း တို့ သည်၊ ငါ့ ကြောင့် စိုး စံ ရ လျက်၊ မှူး မတ် တို့ လည်း၊ ဓ မ္မ သတ် ကို စီ မံ ရ ကြ၏။မင်း အ ရာ ရှိ မှ စ၍၊ မှူး မတ် နှင့် မြေ ပေါ် ရှိ တ ရား သူ ကြီး အ ပေါင်း တို့ သည်၊ ငါ့ ကြောင့် အ စိုး ရ ကြ ၏။ငါ့ အား ချစ် ခင် သူ တို့ ကို ငါ ချစ် ခင် လျက်၊ စိတ် ဇော နှင့် ရှာ ဖွေ သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ၏။ကြွယ် ဝ ခြင်း နှင့် ဂုဏ် အ သ ရေ သည် လည်း ကောင်း၊ စည်း စိမ် ထူး နှင့် ကောင်း စား ခြင်း သည် လည်း ကောင်း၊ ငါ၌ ရှိ ၏။ငါ ပေး သော အ ကျိုး သည်၊ ရွှေ ထက် လည်း ကောင်း၊ ရွှေ စင် ထက် လည်း ကောင်း၊ မွန် မြတ်၏။ ငါ့ ကြောင့် ရ သော ဘ ဏ္ဍာ လည်း၊ ချွတ် ပြီး သော ငွေ ထက် မွန် မြတ် ၏။လမ်း အ နီး မြင့် ရာ အ ထွဋ် အ ထိပ် ကိုလည်း ကောင်း၊ လမ်း ဆုံ တွင်လည်း ကောင်း၊ ရပ် နေ ၏။
ဆုံး မ သွန် သင် ခြင်း ကို စွဲ ကိုင် လော့။ သင့် အ သက် ရှင် ရာ ရှင် ကြောင်း ဖြစ် သော ကြောင့်၊ မ စွန့် ဘဲ စောင့် ထိန်း လော့။
ဆုံး မ ခြင်း ကို စိတ် နှ လုံး ၌ လည်း ကောင်း၊ အ သိ ပ ညာ စ ကား ကို နား ၌ လည်း ကောင်း၊ သွင်း ထား လော့။
ပ ညတ် တော် များ ကို အ ကျွန်ုပ် ယုံ ကြည် သည် ဖြစ်၍၊ အ သိ ဉာဏ် နှင့် အ သိ ပ ညာ ကို သွန် သင် တော် မူ ပါ။
အ သို့ ဆို သော်၊ ငါ့ ကို ရှာ တွေ့ သော သူ သည်၊ အ သက် ချမ်း သာ ရာ ကို တွေ့ ရ သည့် ပြင်၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို လည်း ခံ စား ရ လိမ့် မည်။ငါ နှင့် လွဲ သော သူ မူ ကား၊ ကိုယ့် အ သက် ကို ရက် စက်၍၊ မုန်း ထား သူ ရှိ သ မျှ တို့ လည်း၊ သေ ခြင်း ကို နှစ် သက် ရာ ရောက် ပြီ ဟု ကြွေး ကြော် လေ ၏။
ပ ညာ ရှိ ကို ဆုံး မ လျှင်၊ သူ၌ ပ ညာ တိုး ပွား လိမ့် မည်။ ဖြောင့် မတ် သော သူ့ ကို သွန် သင် လျှင်၊ သူ၌ အ သိ အ မြင် များ ပြား လိမ့် မည်။
ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။
ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။
ငါ့ သား၊ ငါ မြွက် ဆို သော စ ကား ကို နား ထောင် နာ ယူ လော့။ထို စ ကား သည် တွေ့ ခွင့် ရ ရှိ သူ တို့ အ သက် ရှင် ခြင်း၊ ကိုယ် ခ န္ဓာ သန် မာ ခြင်း ဖြစ်၍၊
ပ ညာ ရှိ တို့၏ စ ကား ကို၊ နား ထောင် နာ ခံ လော့။ ငါ၏ အ သိ ပ ညာ ကို လည်း၊ စိတ် စွဲ လမ်း လော့။
တ ရား တော် ကို အ ကျွန်ုပ် အ လွန် နှစ် သက် လှ၍၊ နေ့ ရှိ သ မျှ ဆင် ခြင် ရာ ဖြစ် ပါ၏။ကာ လ အ စဉ် အ ကျွန်ုပ် ပိုင် ရာ ဖြစ် သော ပ ညတ် တော် များ ကြောင့်၊ ရန် သူ တို့ ထက် ပ ညာ ကြီး ပါ ၏။
ငါ့ သား၊ အ မျှော် အ မြင် ပ ညာ နှင့် ကြံ စည် သော ဉာဏ် ကို စောင့် ထိန်း၍၊ သင့် မျက် မှောက် နှင့် မ ကွာ စေ လင့်။
ဉာဏ် ကောင်း သော သူ ၏ စိတ် နှ လုံး သည်၊ အ သိ ပ ညာ ကို လိုက် ရှာ တတ်၏။ လူ ဗာ လ တို့၏ နှုတ် မူ ကား၊ မိုက် မဲ ခြင်း ကို ကျက် စား တတ် ၏။
ဉာဏ် ပ ညာ ကို ကား။ အ ဘယ် မှာ ရှာ၍ တွေ့ မည် နည်း။ ဉာဏ် ပ ဋိ ဘာန် နေ ရာ ရင်း လည်း၊ အ ဘယ် မှာ နည်း။ထို အ ကဲ ကို လူ တို့ မ ခတ် နိုင်။ အ သက် ရှိ သူ တို့ နေ ပြည်၌ လည်း ရှာ၍ မ တွေ့ ချေ။
ဉာဏ် ပ ညာ အား ဖြင့် အိမ် ကို ဆောက် ရ လျက်၊ ဉာဏ် ပ ဋိ ဘာန် အား ဖြင့် တည် မြဲ စေ ရ၏။ပျင်း ရိ သော သူ၏ လယ် ယာ၊ ဉာဏ် မဲ့ သော သူ၏ စ ပျစ် ခြံ အ နီး၊ ငါ သီ သွား ရာ၊ တစ် ပြင် လုံး ဆူး ပင် နှင့် ပြည့် လျက်၊ဖုန်း ဆိုး ဖြစ် သည့် ပြင်၊ ကျောက် တံ တိုင်း လည်း ပြို လည်း ပြီ တ ကား။ငါ သည် မျက် မှောက် ပြု လျက်၊ နှ လုံး သွင်း၍ ရှု ကြည့် စဉ် တွင်၊ သွန် သင် ခံ ရ သည် မှာ၊ခ ဏ အိပ် လျက်၊ ခ ဏ ပျော် လျက်၊အိပ် ပျော် ခွင့် ရှိ စေ ရန် ခ ဏ လက် ပိုက် လျက် နေ ခိုက်၊ သင်၌ ဆင်း ရဲ ခြင်း သည် ဓား ပြ ကဲ့ သို့လည်း ကောင်း၊ နွမ်း ပါး ခြင်း သည် သူ ရဲ ကဲ့ သို့ လည်း ကောင်း၊ သင့် ရောက် လိမ့် မည် ဟူ၍ တည်း။အ သိ ပ ညာ အား ဖြင့် အ ခန်း များ လည်း၊ ကောင်း မြတ် နှစ် သက် ဖွယ် ရာ ဘ ဏ္ဍာ အ မျိုး မျိုး နှင့် ပြည့် စုံ ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား၏ ဉာဏ် တော် ကို တိုင်း တာ သူ၊ ကိုယ် တော် အား အ သိ ပ ညာ ပေး၍ တိုင် ပင် သူ ကား၊ မည် သူ နည်း။တိုင် ပင် တော် မူ ဘက် အ ဖြစ်၊ ကိုယ် တော် အား ဉာဏ် ပေး၍၊ တ ရား လမ်း နှင့် အ သိ ပ ညာ ကို သွန် သင် လျက်၊ ဉာဏ် လမ်း ကို ညွှန် ပြ သူ ကား မည် သူ နည်း။
အ သို့ ဆို သော်၊ ဉာဏ် ပ ညာ သည် သင့် နှ လုံး ထဲ သို့ ဝင်၍၊ အ သိ ပ ညာ ကို လည်း သင် နှစ် သက် သ ဖြင့်၊ဆိုး သော လမ်း မှ ကယ် လွှတ် သည့် ပြင်၊ ကောက် ကျစ် သော စ ကား ကိုပြော သော သူ၊ မှောင် သော လမ်း သို့ လိုက် ရန် ဖြောင့် သော လမ်း ကို စွန့် သော သူ၊ စဉ်း လဲ သော အ ကျင့် နှင့် လိမ် လည် သော အ လေ့ အ လာ ရှိ သ ဖြင့်၊ အ ဆိုး ပြု၍ ရွှင် လန်း လျက်၊ ဆိုး သွမ်း ကောက် ကျစ် ခြင်း၌ မွေ့ လျော် သော သူ တို့ မှလည်း ကောင်း၊ ငယ် ပေါင်း ကြီး ဖော် ကို စွန့်၍ ကိုယ့် ဘု ရား သ ခင်၏ ပ ဋိ ညာဉ် ကို မေ့ လျော့ သော မိန်း မ ပေါ့၊ စ ကား ဖြင့် မြှောက် ပင့် တတ် သော မိန်း မ ရွှင် မှလည်း ကောင်း၊ ကယ် လွှတ် စေ ရန်၊ ပ ညာ သ တိ သည် သင့် ကို စောင့် ရှောက် ၍၊ ဉာဏ် ပ ဋိ ဘာန် လည်း ကွယ် ကာ စောင့် ထိန်း လိမ့် မည်။
အ ခါ အ ခွင့် ကို ဝယ် ယူ လျက် သာ သ နာ ပ တို့ ရှေ့ လိ မ္မာ စွာ ကျင့် ကြံ ပြု မူ ကြ လော့။
လူ ဆိုး တို့ အ ကြံ ပေး ရာ သို့ မ လျှောက် မ လိုက်၊ အ ပြစ် သား တို့ လမ်း၌ မ ရပ် မ နေ။ မ ထီ လေး စား ပြု သူ တို့ နေ ထိုင် ရာ တွင် မ နေ မ ထိုင်။ထာ ဝ ရ ဘု ရား၏ တ ရား တော်၌ မွေ့ လျော်၍၊ ထို တ ရား တော် ကို နေ့ ညဉ့် မ ပြတ် စဉ်း စား ဆင် ခြင် သော သူ သည် မင်္ဂ လာ ရှိ၏။
ကိုယ့် နေ့ ရက် များ ကို ရေ တွက်၍၊ ဉာဏ် နှင့် ယှဉ် သော စိတ် နှ လုံး ကို ရ ရှိ စေ ခြင်း ငှာ၊ သွန် သင် တော် မူ ပါ။
စ ကား ကို ချုပ် တည်း သော သူ သည်၊ အ သိ ပ ညာ ရှိသူ၊ ဣ န္ဒြေ ကို စောင့် စည်း သော သူ လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ ဖြစ်၏။
ဉာဏ် ပ ညာ ကို ရ သော သူ သည်၊ ကိုယ့် အ သက် ကို ချစ် ရာ ရောက်၏။ ဉာဏ် ပ ဋိ ဘာန် ကို စောင့် ရှောက် သူ လည်း၊ ကောင်း စား လိမ့် မည်။
ဆိုး သွမ်း တတ် သော သူ တို့ သည်၊ တ ရား သ ဖြင့် ပြု မူ ခြင်း ကို နား မ လည် တတ် ကြ။ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော သူ တို့ မူ ကား၊ အ ကုန် အ စင် နား လည် တတ် ကြ၏။
ငါ သည်၊ သင့် ကို ရှု ကြည့် လျက်၊ သွား အပ် သော လမ်း ၌ လိ မ္မာ ရန်၊ သွန် သင် ၍ အ ကြံ ပေး မည်။
မ ထီ လေး စား ပြု တတ် သူ သည်၊ ဉာဏ် ပ ညာ ကို ရှာ သော် လည်း မ တွေ့ ရ။ ဉာဏ် ကောင်း သူ မူ ကား၊ အ သိ ပ ညာ ကို ရ လွယ် ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ ဉာဏ် ပ ညာ ဆိုင် ရာ ဆုံး မ ခြင်း ဖြစ်၏။ ဂုဏ် အ သ ရေ ၏ အ ရင် လည်း၊ နှိမ့် ချ ခြင်း တည် ရာ ၏။
သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။
ကြံ စည် ခြင်း နှင့် အ မျှော် အ မြင် ပ ညာ သည် ငါ၌ ရှိ၏။ ငါ သည် အ စွမ်း သ တ္တိ နှင့် ပြည့် စုံ လျက်၊ ဉာဏ် ပ ဋိ ဘာန် ဖြစ် သ တည်း။
ဘု ရား သ ခင်၏ နာ မ တော် ကို အ န န္တ ကာ လ ပတ် လုံး ဩ ဘာ ပြု ကြ ပါ စေ သော။ ကိုယ် တော် သည် ဉာဏ် ပညာ နှင့် လည်း ကောင်း၊ တန် ခိုး နှင့် လည်း ကောင်း ပြည့် စုံ တော် မူ ၏။အ ချိန် ကာ လ များ ကို ပြောင်း လွှဲ ၍ ဘု ရင် မင်း တို့ အား လည်း နန်း ချ၊ နန်း တင် တော် မူ၏၊။ ပ ညာ ရှိ တို့ အား ဉာဏ် ပ ညာ ကို လည်း ကောင်း၊ ဉာဏ် ချွန် သူ တို့ အား အ သိ ပ ညာ ကို လည်း ကောင်း သ နား တော် မူ၏။
အ ချင်း လူ ပျင်း၊ ပ ရွက် ဆိတ် ရှိ ရာ သို့ သွား၍၊ ၎င်း တို့ အ ပြု အ မူ များ ကို ထောက် ရှု ပြီး လျှင်၊ ပ ညာ ကို နည်း ခိုး လော့။ထို ပ ရွက် ဆိတ် တို့ သည်၊ ကြီး ကြပ် အုပ် ချုပ် စီ မံ သူ မ ရှိ ဘဲ လျက်၊နွေ ဥ တု တွင် ရိ က္ခာ ကို သို ထား၍၊ ရိတ် သိမ်း ချိန် တွင် အ စာ ကို ဆည်း ပူး လေ့ ရှိ ကြ ၏။
မိုက် မဲ သော သူ သည်၊ ဉာဏ် ပ ဋိ ဘာန်၌ မ ဟုတ်။ ကိုယ့် သ ဘော ကို ဖွင့် ပြ ရာ၌ သာ မွေ့ လျော် တတ်၏။
အို ထာ ဝ ရ ဘု ရား၊ နည်း တော် များ ကို ညွှန် ပြ၍၊ လမ်း တော် များ ကို သွန် သင် တော် မူ ပါ။ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။
အ ဘယ့် ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ငါ့ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် နှင့် လည်း ကောင်း၊ ငါ၏ နည်း လမ်း လည်း သင် တို့ နည်း လမ်း နှင့်လည်း ကောင်း ထူး ခြား ၍၊မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ငါ၏ နည်း လမ်း သည် သင် တို့ နည်း လမ်း ထက် လည်း ကောင်း၊ ငါ၏ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် ထက် လည်း ကောင်း၊ မြင့် မြတ်၏။
နှ လုံး ရည် ကောင်း သော သူ သည်၊ ပ ညတ် များ ကို ခံ ယူ တတ်၏။ မိုက် မဲ သော စ ကား အိုး မူ ကား၊ ဆုံး ရှုံး တတ် ၏။
သဲ သောင် နှင့် အ မျှ များ ပြား ကျယ် ဝန်း သော ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ကို ဘု ရား သ ခင် ပေး သ နား တော် မူ သည့် အ တိုင်း
ဆုံး မ ခြင်း ကို နှစ် သက် သော သူ သည်၊ အ သိ ပ ညာ ကို နှစ် သက် ၏။ ပဲ့ ပြင် ခြင်း ကို မုန်း ထား သူ မူ ကား၊ ဉာဏ် တုံး ၏။
သက် သေ ခံ တော် မူ ချက် များ သည်၊ ကာ လ အ စဉ် ဖြောင့် မတ် သ ဖြင့်၊ အ သက် ရှင် ရ ရန် နား လည် စေ တော် မူ ပါ။
စဉ်း လဲ သူ တို့၏ လက် မှု ပ ညာ အ ထ မ မြောက် ရ စေ ခြင်း ငှာ၊ အ ကြံ အ စည် များ ကို လည်း ကွယ် ပ စေ တော် မူ၏။ပ ညာ ရှိ တို့ ကို၊ ကိုယ့် စဉ်း လဲ ခြင်း အား ဖြင့် ဖမ်း ဆီး တော် မူ၍၊ လိမ် လည် ကောက် ကျစ် သူ တို့၏ ပြ ဋ္ဌာန်း ချက် လည်း၊ ရုတ် ခြင်း ပယ် ပျက် လေ၏။
မိုက် မဲ ခြင်း သည်၊ ဉာဏ် မဲ့ သူ၏ ရွှင် လန်း ရာ အ ကြောင်း ဖြစ်၏။ ဉာဏ် ပ ဋိ ဘာန် ရှိ သူ မူ ကား၊ ကိုယ့် အ ကြံ ကို ဖြောင့် စေ တတ်၏။
ပ ညာ ရှိ စ ကား သည်၊ ကျေး ဇူး များ၏။ လူ မိုက်၏ နှုတ် ထွက် မူ ကား၊ ကိုယ် ကို မျို စား လျက်၊
ငါ့ သား၊ သင် သည် ဉာဏ် ပ ညာ ကို နာ ယူ ၍၊ ဉာဏ် ပ ဋိ ဘာန် ကို စွဲ လမ်း သည့် တိုင် အောင်၊ ငါ့ စ ကား ကို နာ ခံ လျက်၊ ငါ ပ ညတ် များ ကို ပိုက် ကျုံး လျှင် လည်း ကောင်း၊
ဉာဏ် ပ ညာ သည် ပြင် ပ မှာ ကြွေး ကြော်၍၊ လမ်း မ များ တွင် စ ကား သံ လွှင့် တတ် ၏။စည် ပင် သော လမ်း ဆုံး များ တွင် အော် ဟစ်၍၊ တံ ခါး ဝ များ ၌ လည်း ကောင်း၊ မြို့ တွင်း ၌ လည်း ကောင်း၊ မြွက် ဆို သော စ ကား ဟူ မူ ကား၊
ဆုံး မ သွန် သင် ခြင်း ကို မ ပယ် ဘဲ နာ ခံ လျက်၊ ပ ညာ ကို ရ ရှိ ကြ လော့။ငါ့ တံ ခါး အ နီး တံ ခါး တိုင် နား မှာ၊ နေ့ စဉ် စောင့် မျှော် လျက်၊ ငါ့ စ ကား ကို နား ထောင် သော သူ၌ မင်္ဂ လာ ရှိ၏။
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
ငါ့ သား တို့၊ ဉာဏ် ပ ဋိ ဘာန် ကို ရ ရန်၊ အ ဘ၏ ဆုံး မ ခြင်း ကို နာ ခံ နာ ယူ ကြ လော့။ငါ့ သား၊ ငါ့ စ ကား ကို နာ ခံ နာ ယူ လော့။ နှစ် ပေါင်း များ စွာ အ သက် ရှင် လိမ့် မည်။ဉာဏ် ပ ညာ လမ်း ကို၊ သင့် အား ငါ ပြ သ ပြီ။ ဖြောင့် မတ် သော လမ်း ခ ရီး ဖြင့် လည်း၊ ငါ ပို့ ဆောင် ပြီ။လျှောက် သွား သော အ ခါ ခြေ လှမ်း မ ကျဉ်း ရ။ ပြေး လျှင် လည်း မ လဲ ရ။ဆုံး မ သွန် သင် ခြင်း ကို စွဲ ကိုင် လော့။ သင့် အ သက် ရှင် ရာ ရှင် ကြောင်း ဖြစ် သော ကြောင့်၊ မ စွန့် ဘဲ စောင့် ထိန်း လော့။လူ ဆိုး တို့၏ လမ်း ထဲ သို့ မ ဝင် နှင့်။ ဆိုး သွမ်း သူ တို့ လမ်း တွင် မ လျှောက် မ လိုက် ရ။မ သီ မ သန်း ဘဲ လွှဲ ရှောင် လျက်၊ ကြဉ် ဖယ်၍ လှည့် သွား လော့။ထို သူ တို့ သည် အ ဆိုး မ ပြု ဘဲ အိပ် ပျော် လေ့ မ ရှိ ကြ။ သူ တစ် ထူး ကို မ ထိ မ လဲ စေ ရ လျှင်၊ အိပ် ပျက် ခြင်း ဖြစ် ရာ ၏။ဒု စ ရိုက် နှင့် ဆိုင် ရာ အ စာ ကို စား ၍၊ အ ဓ မ္မ နှင့် ဆိုင် ရာ အ ရက် ကို သောက် တတ် ကြ ၏။ဖြောင့် မတ် သူ တို့၏ လမ်း သည်၊ နေ့ ခင်း တိုင် အောင် တိုး တက် ၍၊ ထွန်း တောက် သော အ လင်း သ ဖွယ် ဖြစ် ၏။လူ ဆိုး တို့၏ လမ်း မူ ကား၊ မှောင် မိုက် သ ဖွယ် ဖြစ်၍၊ ကိုယ် ကို လဲ စေ သော အ ရာ ကို မျှ မ သိ မ မြင် ကြ။ကောင်း မွန် သော ဩ ဝါ ဒ ကို ငါ ပေး သည် ဖြစ်၍၊ ငါ ပြ သော တ ရား ကို မ စွန့် ပယ် ကြ နှင့်။
ရွှေ နှင့် ပ တ္တ မြား အ များ ရှိ သည် မှန် သော် လည်း၊ အ သိ ပ ညာ နှင့် ပြည့် စုံ သော နှုတ် ကား၊ ထူး မြတ် သော ရ တ နာ ဖြစ်၏။
နှုတ် က ပတ် တော် ဖွင့် ပြ ခြင်း ကြောင့် အ လင်း ရ၍၊ ရိုး သား သူ တို့ နား လည် ခွင့် ရ ကြ ပါ၏။
ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ရှိ သည် ဟု ကိုယ် ကို ထင် မြင် သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
ဉာဏ် ပ ညာ သည် စိတ် ဝိ ညာဉ်၌ ချို မြိန် ကြောင်း ကို သိ လိမ့် မည်။ တွေ့ ခဲ့ လျှင်၊ အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း၊ မ ပျက် ဘဲ တည် လိမ့် မည်။
လူ မျိုး တော် ကို အုပ် စိုး စီ ရင် နိုင် ရန် အ ဆိုး အ ကောင်း ပိုင်း ခြား တတ် သော ဉာဏ် ကို ကျွန် တော် မျိုး အား ပေး သ နား တော် မူ ပါ။ များ ပြား သော ဤ လူ မျိုး တော် ကို အုပ် စိုး စီ ရင် နိုင် သူ ကား မည် သူ ပါ နည်း ဟု တောင်း လျှောက် ၏။
ငွေ့ အ ရင်၊ ငါ၏ ဆုံး မ သွန် သင် ခြင်း ကို လည်း ကောင်း၊ ချွတ် ပြီး သော ရွှေ့ အ ရင်၊ အ သိ ပ ညာ ကို လည်း ကောင်း၊ ခံ ယူ ကြ လော့။
ပ ညာ ရှိ တို့ သည်၊ အ သိ ပ ညာ ကို သို ထား တတ်၏။ လူ မိုက် တို့ နှုတ် မူ ကား၊ ဖျက် ဆဲ ဖျက် လ တ္တံ့ ဖြစ်၏။
ပ ညာ ရှိ သော သား သည်၊ အ ဘ၏ ဆုံး မ ခြင်း ကို လိုက် နာ တတ်၏။ မ ထီ မဲ့ မြင် ပြု သူ မူ ကား၊ ပဲ့ ပြင် ခြင်း ကို မ လိုက် မ နာ တတ်။
ထို အ ကြောင်း ကြောင့် သင် တို့ ယုံ ကြည် ခြင်း အ ပေါ် တွင် စွမ်း ရည် ကောင်း ခြင်း ကို လည်း ကောင်း၊စွမ်း ရည် ကောင်း ခြင်း အ ပေါ် တွင် သိ ကျွမ်း ခြင်း ကို လည်း ကောင်း၊ သိ ကျွမ်း ခြင်း အ ပေါ် တွင် ချုပ် တည်း ခြင်း ကို လည်း ကောင်း၊ ချုပ် တည်း ခြင်း အ ပေါ် တွင် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ တည် ကြည် ခြင်း အ ပေါ် တွင် ဘု ရား တ ရား ကြည် ညို ခြင်း ကို လည်း ကောင်း၊
အ ကျွန်ုပ် ဆင် ခြင် ရာ အ ကြောင်း ဖြစ် သော သက် သေ ခံ တော် မူ ချက် များ ကြောင့်၊ အ ကျွန်ုပ် ဆ ရာ ရှိ သ မျှ ထက် လိ မ္မာ ပါ ၏။
မေ တ္တာ ကျေးဇူး နှင့် သ စ္စာ တ ရား ကို မ စွန့် မ ကွာ စေ ဘဲ၊ လည် ၌ ဆွဲ ချည် ၍၊ နှ လုံး တည်း ဟူ သော ပု ရ ပိုက် ပေါ် တွင် ရေး သား လော့။သင်၌ အ ဆိုး မ ပြု သူ့ ကို၊ အ ကြောင်း မဲ့ ခိုက် ရန် မ ပြု လင့်။ကြမ်း ကြုတ် သူ ကို မ ငြူ စူ ဘဲ၊ သူ့ အ ကျင့် တစ် စုံ တစ် ရာ ကို လည်း မ ရွေး မလိုက် နှင့်။လိမ် လည် သော သူ တို့ သည်၊ ထာ ဝ ရ ဘု ရား ၏ မျက် မှောက် တော် တွင် စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် လျက်၊ ဖြောင့် မှန် သော သူ တို့ ကား၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ကြ ၏။ဆိုး သွမ်း သူ တို့ ၏ အိမ် ၌ ထာ ဝ ရ ဘု ရား ထံ မှ အ မင်္ဂ လာ တည်၏။ ဖြောင့် မတ် သူ တို့၏ နေ ထိုင် ရာ ကို ကား၊ မင်္ဂ လာ ပေး တော် မူ ၏။မ ထီ လေး စား ပြု သူ တို့ အား၊ လေး စား တော် မ မူ။ စိတ် နှိမ့် ချ သူ တို့ ကို ကား၊ ကျေး ဇူး သ နား တော် မူ ၏။ပ ညာ ရှိ တို့ သည် ဘုန်း အ သ ရေ ကို အ ပိုင် ရ၍၊ လူ မိုက် တို့၌ ချီး မြှောက် ခြင်း ကား၊ ရှုတ် ချ ခြင်း သာ ဖြစ် ရ လိမ့် မည်။သို့ မှ ဘု ရား သ ခင် ရှေ့၊ လူ့ ရှေ့ မှာ၊ မျက် နှာ သာ ရ ၍၊ ဂုဏ် အ သ ရေ ရှိ လိမ့် မည်။
ပ ညာ ရှိ၏ နှ လုံး သည်၊ ကိုယ် နှုတ် ကို သွန် သင်၍၊ ဩ ဝါ ဒ ကို လည်း နှုတ် ခမ်း တွင် တိုး တက် စေ လိမ့် မည်။
ဖြောင့် မတ် သူ သည်၊ နှုတ် ဖြင့် ဉာဏ် ပ ညာ အ ကြောင်း မြွက် ဆို လျက်၊ လျှာ ဖြင့် မျှ တ ခြင်း အ ကြောင်း ပြော ဆို တတ်၏။
ငါ့ သား၊ သင် သည် ကြံ စည် သော ဉာဏ် ကို စောင့် ရှောက်၍၊ နှုတ် ခမ်း လည်း အ သိ ပ ညာ ကို စောင့် ထိန်း စေ ရန်၊ ငါ သွန် သင် သော ဉာဏ် ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် ကို နာ ခံ နာ ယူ လော့။သူ စိမ်း တို့ သည်သင့် စည်း စိမ် နှင့် ပြည့် ဝ၍၊ သူ တစ် ထူး တို့၏ အိမ် သို့ သင့် ချွေး နဲ စာ ရောက် လိမ့် မည်။အ ဆုံး၌ လည်း၊ အ သွေး အ သား ကုန် ခန်း သော အ ခါ၊သင် က၊ ငါ သည် ဆုံး မ ခြင်း ကို မုန်း ထား၍၊ ပဲ့ ပြင် ခြင်း ကို လည်း စိတ်၌ မ ထီ မဲ့ မြင် ပြု ခဲ့ မိ လေ ပြီ။ဆ ရာ တို့ ကို နား မ ထောင်၊ ပဲ့ ပြင် သူ တို့၏ စ ကား ကို လည်း မ နာ မ ယူ ဘဲ နေ ခဲ့ မိ လေ ပြီ။အ သင်း အ ပင်း အ လယ် တွင် ခပ် သိမ်း သော ဒု စ ရိုက် သို့ ငါ မ ပါ မ ဝင် သည် မှာ၊ နည်း လေ စွ တ ကား ဟု မြည် တမ်း လျက် ဝန် ခံ ရ လိမ့် မည်။ကိုယ့် တွင်း မှ ရေ ကိုလည်း ကောင်း၊ ကိုယ့် စမ်း မှ စီး ရာ ရေ ကို လည်း ကောင်း၊ သောက် လော့။သင့် စမ်း ရေ သည် အ ရပ် ရပ် သို့ လည်း ကောင်း၊ မြစ် များ သည် လည်း လမ်း များ သို့ လည်း ကောင်း၊ ပျံ့ နှံ့ စီး သွား အပ် သ လော။သင် မှ တစ် ပါး၊ အ ခြား သူ တို့ အ ဖို့ မ ဟုတ်။ သင့် အ ဖို့ သာ ဖြစ် ပါ လေ စေ။သင့် စမ်း ရေ တွင်း၌ မင်္ဂ လာ ရှိ စေ၍၊ ငယ် ပေါင်း ကြီး ဖော် နှင့် အ တူ ပျော် မွေ့ လော့။စုံ မက် သော သ မင် မ၊ တင့် တယ် သော ဒ ရယ် မ သ ဖွယ်၊ သင့် ခင် ပွန်း၏ သား မြတ် အား ဖြင့် အ ခါ ခပ် သိမ်း အား ရ၍။ သူ့ ကို ချစ် ခင် ပျော် ပိုက် လျက် အ စဉ် နေ လော့။
ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ တော် အား ဖြင့် မြေ ပ ထ ဝီ ကို တည် စေ၍၊ ဉာဏ် ပ ဋိ ဘာန် တော် အား ဖြင့်၊ မိုး ကောင်း ကင် ကို မြဲ စေ တော် မူ ပြီ။သို့ ပြု လျှင်၊ ပ ညတ် တ ရား သည် အ သက် ရှည် သော နှစ် ပေါင်း ကို လည်း ကောင်း၊ ငြိမ် သက် ခြင်း ကို လည်း ကောင်း၊ သင် ၌ ထပ် ဆင့် တိုး ပွား စေ မည်။အ သိ ပ ညာ တော် အား ဖြင့်၊ ရေ ထု များ ကို ပေါက် ထွက် စေ လျက်၊ မိုး ကောင်း ကင် မှ လည်း၊ နှင်း ကို ကျ စေ တော် မူ၏။
ပ ညာ ရှိ တို့၏ နှုတ် ခမ်း သည်၊ အ သိ ပ ညာ ကို ကြဲ ဖြန့် တတ်၏။ မိုက် မဲ သူ တို့၏ နှ လုံး မူ ကား၊ မ ရိုး မ ဖြောင့် တတ်။
ငါ့ သား၊ ပျား ရည် ကောင်း သော ကြောင့်၊ စား လော့။ ပျား လ ပို့ လည်း ခံ တွင်း၌ ချို မြိန် သ ကဲ့ သို့၊ဉာဏ် ပ ညာ သည် စိတ် ဝိ ညာဉ်၌ ချို မြိန် ကြောင်း ကို သိ လိမ့် မည်။ တွေ့ ခဲ့ လျှင်၊ အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း၊ မ ပျက် ဘဲ တည် လိမ့် မည်။
နှုတ် က ပတ် တော် ကို စဉ်း စား နား လည် သော သူ သည်၊ ကောင်း စား ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား ၌ ကိုး စား သော သူ လည်း၊ မင်္ဂ လာ ရှိ ၏။
လူ သည် သ တိ ပ ညာ ရှိ သည် နှင့် အ မျှ၊ ချီး မွမ်း ခြင်း ကို ခံ ရ၏။ မှောက် မှား သော သ ဘော ရှိ သူ ကား၊ မ ထီ မဲ့ မြင် ပြု ခြင်း ကို ခံ ရ၏။
ဉာဏ် ပ ညာ သည် ပြင် ပ မှာ ကြွေး ကြော်၍၊ လမ်း မ များ တွင် စ ကား သံ လွှင့် တတ် ၏။စည် ပင် သော လမ်း ဆုံး များ တွင် အော် ဟစ်၍၊ တံ ခါး ဝ များ ၌ လည်း ကောင်း၊ မြို့ တွင်း ၌ လည်း ကောင်း၊ မြွက် ဆို သော စ ကား ဟူ မူ ကား၊အ ချင်း တို့၊ မ လိ မ္မာ သူ သည် မ လိ မ္မာ ခြင်း ကို နှစ် သက် လျက်၊ မ ထီ လေး စား ပြု သူ သည် မ ထီ လေး စား ပြု ခြင်း၌ မွေ့ လျော် လျက်၊ မိုက် မဲ သူ သည် အ သိ ပ ညာ ကို မုန်း ထား လျက်၊ မည် မျှ ကြာ နေ ကြ မည် နည်း။ငါ့ ဆုံး မ ပဲ့ ပြင် ခြင်း ကြောင့် ပြောင်း လဲ ကြ လော့။ ငါ့ ဝိ ညာဉ် ကို သင် တို့ အ ပေါ် သို့ သွန်း လောင်း သ ဖြင့်၊ ငါ့ စ ကား များ ကို နား လည် စေ မည်။ငါ အ ကြံ ပေး သ မျှ ကို သင် တို့ မ ထီ မဲ့ မြင် ပြု လျက်၊ ဆုံး မ ပဲ့ ပြင် သည် ကို အ လို မ ရှိ။ ခေါ် သည် ကို လည်း ငြင်း ဆန် သည့် ပြင်၊ ငါ လက် ကမ်း သည် ကို မည် သူ မျှ အ မှတ် မ ပြု သော ကြောင့်၊သင် တို့၌ ကပ် သင့် သော အ ခါ၊ ငါ ပြုံး ရယ်၍၊ ကြောက် မက် ဖွယ် အ ရေး ရောက် သော်၊ ကဲ့ ရဲ့ လိမ့် မည်။ထို ကြောက် မက် ဖွယ် အ ရေး သည်၊ မုန် တိုင်း ကဲ့ သို့ လည်း ကောင်း၊ ကပ် လည်း၊ လေ ပြင်း ကဲ့ သို့ လည်း ကောင်း၊ သင့် ၍၊ ဒုက္ခ ဆင်း ရဲ ခြင်း နှင့် တွေ့ ကြုံ သော အ ခါ၊၎င်း တို့ ခေါ် သော် လည်း၊ ငါ ထူး မည် မ ဟုတ်။ စိတ် ဇော နှင့် ရှာ ဖွေ သော် လည်း၊ ငါ့ ကို တွေ့ ရ ကြ မည် မ ဟုတ်။အ သို့ ဆို သော်၊ အ သိ ပ ညာ ကို မုန်း ထား လျက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော မ ရှိ။ငါ အ ကြံ ပေး သည် ကို မ လိုက် လို။ ဆုံး မ ပဲ့ ပြင် ခြင်း ရှိ သ မျှ ကို လည်း မ ထီ မဲ့ မြင် ပြု ခဲ့ ကြ ပြီ။ထို့ ကြောင့်၊ ၎င်း တို့ သည် ကိုယ့် အ လေ့ အ ကျင့်၏ အ သီး ကို စား၍၊ ကိုယ့် အ ကြံ အ စည် များ နှင့် သာ ရောင့် ရဲ ကြ ရ မည်။မ လိ မ္မာ သူ တို့၏ လမ်း လွဲ ခြင်း သည်၊ ကိုယ် ကို သတ်၍။ လူ မိုက် တို့၏ ကောင်း စား ခြင်း လည်း၊ ကိုယ် ကို ဖျက် ဆီး လိမ့် မည်။ငါ့ စ ကား ကို နာ ခံ သော သူ မူ ကား၊ စိုး ရိမ် ခြင်း ကင်း လျက်၊ ဘေး ရန် ကို မ ကြောက် ဘဲ ငြိမ် သက် စွာ နေ ရ လိမ့် မည်။
ငါ့ သား၊ သင့် စိတ်၌ ပ ညာ ရှိ လျှင်၊ ငါ လည်း စိတ် ရွှင် လန်း လိမ့် မည်။မှန် သော စ ကား ကို၊ သင် နှုတ် မြွက် ရာ တွင်၊ ငါ့ အ သည်း အေး မြ လိမ့် မည်။
ငါ သည်၊ စိတ် နှ လုံး ဖြင့် ဉာဏ် ပ ဋိ ဘာန် အ ကြောင်း စဉ်း စား လျက်၊ နှုတ် ဖြင့် ဉာဏ် ပ ညာ အ ကြောင်း မြွက် ဆို လိမ့် မည်။
သို့ ရာ တွင် ကိုယ် ကို ဂုဏ် တင် လို သူ ကား ထာ ဝ ရ ဘု ရား ကြောင့် ဂုဏ် တင် စေ ဟု ကျမ်း ချက် အ ရ ဖြစ် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း၊ သန့် ရှင်း ခြင်း၊ ရွေး နုတ် ခြင်း များ တည်း ဟူ သော ပ ညာ တော် အ ဖြစ် ငါ တို့ အ ဖို့ ဘု ရား သ ခင် ထား တော် မူ သော ခ ရစ် တော် ယေ ရှု၌ တည် နေ ခွင့် ကို သင် တို့ သည် ဘု ရား သ ခင် ကြောင့် ရ ရှိ ကြ ၏။
ဉာဏ် ကောင်း သော သူ၏ နှုတ် တွင်၊ ဉာဏ် ပ ညာ ကို တွေ့ ရာ၏။ ဉာဏ် မဲ့ သော သူ၏ ကျောက် ကုန်း မူ ကား၊ ကြိမ် လုံး နှင့် သင့် လျော် ၏။
သူ တော် ကောင်း ၏ အ ကျိုး သည်၊ အ သက် ပင် သ ဖွယ် ဖြစ်၏။ ပ ညာ ရှိ လည်း၊ သူ တစ် ထူး တို့ အ သက် ကို ကယ် ၏။
စိတ် ဝိ ညာဉ်၌ အ သိ ပ ညာ မ ရှိ ဘဲ မ နေ ကောင်း၊ လျင် လွန်း သော ခြေ ရှိ သူ သည်၊ လမ်း မှား တတ်၏။
ပ ညာ ရှိ တို့ နှင့် ပေါင်း ဖော် သော သူ သည်၊ ပ ညာ ရှိ လိမ့် မည်။ မိုက် သော သူ တို့ နှင့် ပေါင်း သင်း သော သူ မူ ကား၊ ပျက် စီး လိမ့် မည်။
သ တိ ပ ညာ ရှိ သူ သည်၊ အ မျက် ထွက် ရန် နှောင့် နှေး တတ်၏။ လွန် ကျူး မှု ကို ဖြေ လွှတ် ခွင့် လည်း၊ သူ၏ ဂုဏ် ဖြစ်၏။
စ ကား ဝိုင်း ဖွဲ့ ရာ တွင် ကျူး လွန် ခြင်း အ ပြစ် သည်၊ မ ပြတ် မ စဲ ရာ။ နှုတ် ကို ချုပ် တည်း တတ် သူ မူ ကား၊ သ တိ ပ ညာ ရှိ၏။
သူ တော် ကောင်း၏ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ လျက် နှင့်၊ ကိုယ် သွား ရာ လမ်း ကို မည် သို့ နား လည် နိုင် သ နည်း။
ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ဖြောင့် မတ် ၍၊ စိတ် နှ လုံး ကို ရွှင် လန်း စေ တတ် ၏။ ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် စင် ကြယ် ၍၊ စ က္ခု အာ ရုံ ကို လင်း စေ တတ် ၏။
စိတ် ရှည် သော သူ သည်၊ ခွန် အား ကြီး သူ ထက် လည်း ကောင်း၊ စိတ် ကို ချုပ် တည်း သော သူ သည်၊ မြို့ ကို သိမ်း ယူ သူ ထက် လည်း ကောင်း၊ သာ၍ မြတ် ၏။
မ ထီ လေး စား ပြု သူ့ ကို ရိုက် နှက် မှ သာ လျှင်၊ မ လိ မ္မာ သော သူ သည်၊ လိ မ္မာ လိမ့် မည်။ ဉာဏ် ကောင်း သော သူ့ ကို ဆုံး မ ပဲ့ ပြင် ကာ မျှ နှင့်၊ အ သိ ပ ညာ ကို နား လည် လိမ့် မည်။
ငါ့ ကို မူ ကား၊ ဘု ရား သ ခင် ဆောင် သွား၍၊ ငါ့ အ သက် ဝိ ညာဉ် ကို မ ရ ဏာ့ တန် ခိုး မှ ရွေး နုတ် တော် မူ မည်။
မိုက် မဲ သူ့ အ ပေါ် တွင်၊ ဒဏ် ချက် တစ် ရာ လေး သည် ထက်၊ ဉာဏ် ကောင်း သူ့ အ ပေါ် တွင်၊ ဆုံး မ စ ကား တစ် ခွန်း သည် သာ၍ လေး၏။
ကိုယ် စိတ် နှ လုံး၌ အား ကိုး သော သူ သည်၊ လူ မိုက် ဖြစ်၏။ ဉာဏ် ပ ညာ၌လျှောက် လိုက် သော သူ မူ ကား၊ ဘေး လွတ် တတ်၏။
လူ သည် မိုက် မဲ ခြင်း ကြောင့်၊ အ လေ့ အ လာ ကို မှောက် လှန်၍၊ ထာ ဝ ရ ဘု ရား ကို မာန် မူ သော စိတ် ရှိ တတ်၏။
ပ ညာ ရှိ နှင့် မည် သူ တူ ပါ သ နည်း။ အ နက် ဖော် ပြ နိုင် သူ ကား၊ မည် သူ နည်း။ ဉာဏ် ပ ညာ သည်၊ လူ၏ မျက် နှာ ကို ကြည် လင် စေ သည့် ပြင်၊ ကြမ်း ကြုတ် သော မျက် နှာ ကို ပြောင်း လဲ စေ တတ်၏။
အ ကျွန်ုပ် သည် ကိုယ် တော်၏ ကျွန် ဖြစ် သည့် အ လျောက်၊ သက် သေ ခံ တော် မူ ချက် များ ကို သိ မြင် နား လည် စေ တော် မူ ပါ။
ဉာဏ် ပ ဋိ ဘာန် နှင့် အ သိ ဉာဏ် ကို တ သ ဟစ် ခေါ် လျှင် လည်း ကောင်း၊သိုက် ကို စူး စမ်း ၍ ငွေ ကို ရှာ ဖွေ သ ကဲ့ သို့၊ ပ ညာ ကို ရှာ ဖွေ လျှင် လည်း ကောင်း၊
မျှော် လင့် ရန် ရှိ သေး စဉ် အ ခါ၊ သား ကို ဆုံး မ လော့။ ဖျက် ဆီး ရန် စွဲ လမ်း သော စိတ် မ ထား နှင့်။
ငါ့ သား၊ အ သိ ပ ညာ လမ်း ကို လွှဲ ရန် သာ ဖြစ် လျှင်၊ ဆုံး မ သည့် စ ကား ကို မ နာ ခံ နှင့်။
နှီး နှော တိုင် ပင် ခြင်း အား ဖြင့်၊ အ ကြံ ထ မြောက် တတ်၏။ အ ကြံ ပေး ရာ ကို ဆင် ခြင် ပြီး မှ သာ လျှင်၊ စစ် မှု ကို စီ ရင် လော့။
ဘု ရား သ ခင်၏ နက် နဲ ရာ များ တိုင် အောင် အ ရာ ခပ် သိမ်း ကို ဝိ ညာဥ် တော် စီ စစ် တော် မူ သည့် အ လျောက် ဆို ခဲ့ သည့် အ ရာ များ ကို ငါ တို့ အား ဝိ ညာဥ် တော် ဖြင့် ဘု ရား သ ခင် ဖွင့် ပြ တော် မူ ၏။လူ၏ အ ဇ္စျ တ္တ အ ကြောင်း အ ရာ များ ကို သူ၌ ရှိ သော ဝိ ညာဥ် မှ တစ် ပါး မည် သူ မျှ မ သိ သည့် နည်း တူ ဘု ရား သ ခင်၏ အ ဇ္စျ တ္တ အ ကြောင်း အ ရာ များ ကို ဘု ရား သ ခင့် ဝိ ညာဉ် တော် မှ တစ် ပါး မည် သူ မျှ မ သိ။ငါ တို့ မှာ မူ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် များ ကို သိ မှတ် ခွင့် ရှိ စေ ရန် ဤ လော က ဆိုင် ရာ ဝိ ညာဉ် ကို မ ဟုတ်။ ဘု ရား သ ခင့် အ ထံ တော် မှ သက် ရောက် သော ဝိ ညာဥ် တော် ကို ခံ ရ ကြ၏။
မ လိ မ္မာ သူ တို့၊ အ လိ မ္မာ ဉာဏ် ကို နား လည် ၍၊ မိုက် မဲ သူ တို့၊ နား လည် သော စိတ် ကို ရ ရှိ ကြ လော့။
ပ ညာ ရှိ၏ ဆုံး မ စ ကား သည်၊ နာ ခံ တတ် သူ၌၊ ရွှေ နား ကွင်း၊ ရွှေ လည် ဆွဲ ကဲ့ သို့ ဖြစ် ၏။
သင်၏ မျက် စိ သည် တည့် မတ် စွာ ရှု ကြည့်၍၊ မျက် ခမ်း လည်း တူ ရူ ရှေ့ ရှု လော့။ခြေ ကြွ ရာ လမ်း ကို ညီ ညွတ် စွာ ပြု၍၊ အ လေ့ အ လာ ရှိ သ မျှ ကို လည်း တည် ကြည် ပါ စေ။ဝဲ ယာ သို့ မ တိမ်း မ ယိမ်း ဘဲ၊ ဆိုး သွမ်း ခြင်း မှ လည်း ခြေ ဦး လှည့် လော့။
ဖြောင့် မတ် သော သူ၏ နှုတ် သည်၊ ဉာဏ် ပ ညာ ကို သီး တတ်၏။ ကောက် ကျစ် သော လျှာ မူ ကား၊ ဖြတ် ပစ် ခြင်း ကို ခံ ရ လိမ့် မည်။
အ ကျွန်ုပ် တို့ အ ရှင် ဘု ရား သ ခင် ၏ တင့် တယ် ခြင်း ကြက် သ ရေ တော် ကို အ ကျွန်ုပ် တို့ အ ပေါ် သို့ သက် ရောက် စေ လျက်၊ အ ကျွန်ုပ် တို့ ပြု လေ ရာ ရာ ကို လည်း တည် မြဲ တည် စေ တော် မူ ပါ။
လူ့ နှုတ် မြွက် ချက် သည်၊ နက် နဲ သော ရေ၊ စီး မြဲ သော မြစ်၊ ပ ညာ စမ်း ရေ ကဲ့ သို့ ဖြစ်၏။
ဉာဏ် ကောင်း သော သူ သည်၊ ပ ညာ ကို မျက် မှောက် ပြု တတ်၏။ မိုက် မဲ သူ၏ မျက် စိ မူ ကား၊ မြေ ကြီး စွန်း ကို သာ လှမ်း ကြည့် တတ် ၏။
မ ထီ လေး စား ပြု သော သူ့ ကို အ ပြစ် ဒဏ် စီ ရင် မှ သာ၊ မ လိ မ္မာ သူ သည်၊ လိ မ္မာ လိမ့် မည်။ ပ ညာ ရှိ သူ ကား၊ သွန် သင် ခံ ကာ မျှ နှင့် အ သိ ပ ညာ တိုး ပွား လိမ့် မည်။
မ လိ မ္မာ သော သူ သည်၊ ကြား သ မျှ စ ကား ကို ယုံ လွယ် တတ်၏။ သ တိ ပ ညာ ရှိ သော သူ မူ ကား၊ ကိုယ့် အ လေ့ အ လာ ကို ဆင် ခြင် ပိုင်း ခြား တတ် ၏။
ထာ ဝ ရ ဘု ရား ကို ဆန့် ကျင် ဘက် ပြု သော ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ ကြံ အ စည် များ သည်၊ မ တည် နိုင် ချေ။
သို့ ဖြစ်၍၊ ဉာဏ် ပ ညာ သည်၊ အ ဘယ် မှ ထွက် သ နည်း။ ဉာဏ် ပ ဋိ ဘာန် နေ ရာ ရင်း ကား၊ အ ဘယ် မှာ နည်း။ လေ သ တ္တ ဝါ မှ စ သော သက် ရှိ သ တ္တ ဝါ ဟူ သ မျှ၏ မျက် ကွယ် ဝှက် ထား လျက် ရှိ၏။
ငါ့ အား ချစ် ခင် သူ တို့ ကို ငါ ချစ် ခင် လျက်၊ စိတ် ဇော နှင့် ရှာ ဖွေ သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ၏။
ငါ့ သား၊ ငါ ပြ သော တ ရား ကို မ မေ့ မ လျော့ ဘဲ၊ ပ ညတ် များ ကို လည်း စိတ် နှ လုံး ၌ စောင့် ရှောက် လော့။သို့ ပြု လျှင် သင်၏ ကျီ ကျ များ သည် ကုန် လုံ ကြွယ် ဝ၍၊ ဖိ နင်း ရာ ကျင်း များ လည်း စ ပျစ် ရည် ဖြင့် ပြည့် လျှံ လိမ့် မည်။ငါ့ သား၊ ထာ ဝ ရ ဘု ရား၏ ဆုံး မ ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ဘဲ၊ ပဲ့ ပြင် ခြင်း ကို လည်း၊ ရွံ့ ရှာ ဖွယ် မ မှတ် နှင့်။အ ဘ သည် နှစ် သက် သော သား ကို ဆုံး မ သည့် နည်း တူ ပင်၊ ထာ ဝ ရ ဘု ရား လည်း၊ ချစ် တော် မူ သော သူ့ ကို ဆုံး မ တော် မူ၏။ဉာဏ် ပ ညာ ကို ရှာ တွေ့၍၊ ဉာဏ် ပ ဋိ ဘာန် ကို ရ သူ၌ မင်္ဂ လာ ရှိ ၏။ဉာဏ် ပ ညာ ကို ကုန် သွယ် ခြင်း သည်၊ ငွေ ကုန် သွယ် ခြင်း ထက် လည်း ကောင်း၊ အ မြတ် လည်း၊ ရွှေ ထက် လည်း ကောင်း၊ သာ ၍ ကောင်း ၏။ဉာဏ် ပ ညာ သည် ပ တ္တ မြား ထက် သာ၍ မြင့် မြတ် သ ဖြင့်၊ သင် နှစ် သက် သ မျှ အ ခြား အ ရာ များ လည်း၊ မ ပြိုင် မ နှိုင်း ရာ၊ဉာဏ် ပ ညာ၏ ယာ လက် တွင် အ သက် ရှည် ခြင်း၊ ဝဲ လက် တွင် ဂုဏ် သ ရေ နှင့် ကြွယ် ဝ ခြင်း တည် ၏။ဆိုင် ရာ လမ်း များ သည်၊ တင့် တယ် လျက်၊ ခ ရီး ရှိ သ မျှ လည်း၊ ငြိမ် သက် ရာ ဖြစ်၏။ကိုင် စွဲ သူ တို့ အ ဖို့ ဉာဏ် ပ ညာ သည် အ သက် ပင် သ ဖွယ် ဖြစ်၍၊ စွဲ မြဲ သူ တို့၌ လည်း မင်္ဂ လာ ရှိ၏။ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ တော် အား ဖြင့် မြေ ပ ထ ဝီ ကို တည် စေ၍၊ ဉာဏ် ပ ဋိ ဘာန် တော် အား ဖြင့်၊ မိုး ကောင်း ကင် ကို မြဲ စေ တော် မူ ပြီ။သို့ ပြု လျှင်၊ ပ ညတ် တ ရား သည် အ သက် ရှည် သော နှစ် ပေါင်း ကို လည်း ကောင်း၊ ငြိမ် သက် ခြင်း ကို လည်း ကောင်း၊ သင် ၌ ထပ် ဆင့် တိုး ပွား စေ မည်။
သို့ ဖြစ်၍ ငါ့ သား တို့၊ ငါ၏ နည်း များ ကို စောင့် ရှောက် သော သူ တို့၌ မင်္ဂ လာ ရှိ သော ကြောင့်၊ နား ထောင် ကြ လော့။ဆုံး မ သွန် သင် ခြင်း ကို မ ပယ် ဘဲ နာ ခံ လျက်၊ ပ ညာ ကို ရ ရှိ ကြ လော့။ငါ့ တံ ခါး အ နီး တံ ခါး တိုင် နား မှာ၊ နေ့ စဉ် စောင့် မျှော် လျက်၊ ငါ့ စ ကား ကို နား ထောင် သော သူ၌ မင်္ဂ လာ ရှိ၏။
ထို ခ ရစ် တော် အ ကြောင်း ငါ တို့ ကြော် ငြာ လျက် ခ ရစ် တော် အား ဖြင့် လူ တိုင်း ကို စုံ လင် သည့် အ ဖြစ် အ နေ နှင့် ဆက် သွင်း ခွင့် ရ စေ ခြင်း ငှာ အ သီး အ သီး တို့ ကို ပဲ့ ပြင်၍ ခပ် သိမ်း သော ဉာဏ် ပ ညာ ဖြင့် သင် ကြား ကြ စဉ်
ပ ညာ ရှင် သည်၊ တန် ခိုး နှင့် တည်၍၊ အ သိ ပ ညာ ရှိ သော သူ လည်း၊ စွမ်း ရည် တိုး တက် စေ တတ် ၏။
ထို အ မှု များ၌ စိတ် ဝင် စား၍ ဆောင် ရွက် လော့။ သို့ မှ သင့် တိုး တက် ခြင်း သည် လူ ခပ် သိမ်း တို့ ရှေ့ ထင် ရှား လိမ့် မည်။ကိုယ် ကိုလည်း ကောင်း၊ ကိုယ့် သင် ကြား ခြင်း ကိုလည်း ကောင်း ဂ ရု စိုက် လျက် ထို အ မှု များ၌ တည် မြဲ လော့။ သို့ ပြု လျှင် ကိုယ် တိုင် မှ စ၍ ကြား နာ သူ တို့ ကို သင် ကယ် တင် လိမ့် မည်။
အ ဆုံး စ ကား မူ ကား။ အ ရာ ခပ် သိမ်း ကို ကြား သိ ခဲ့ ပြီ။ လူ ရှိ သ မျှ တာ ဝန် ဖြစ် သည် နှင့် အ ညီ။ ပ ညတ် တော် များ ကို စောင့် ရှောက်၍ ဘု ရား သ ခင် ကို ခန့် ညား လော့။အ သို့ ဆို သော်၊ ဘု ရား သ ခင် သည် ကွယ် ဝှက် သ မျှ အ မှု နှင့်၊ စပ် ဆိုင် သော အ ရာ ရာ ကို။ ကောင်း သည် ဖြစ် စေ၊ ဆိုး သည် ဖြစ် စေ၊ ထုတ် ဘော် စီ ရင် တော် မူ အံ့ သ တည်း။
မ ထီ လေး စား ပြု သူ့ ကို မ ပဲ့ ပြင် နှင့်။ ပဲ့ ပြင် လျှင် မုန်း ထား လိမ့် မည်။ ပ ညာ ရှိ ကို ပဲ့ ပြင် လျင် မူ ကား၊ ချစ် လိမ့် မည်။ပ ညာ ရှိ ကို ဆုံး မ လျှင်၊ သူ၌ ပ ညာ တိုး ပွား လိမ့် မည်။ ဖြောင့် မတ် သော သူ့ ကို သွန် သင် လျှင်၊ သူ၌ အ သိ အ မြင် များ ပြား လိမ့် မည်။
ဉာဏ် ကောင်း သူ၏ စိတ်၌၊ ဉာဏ် ပ ညာ ကိန်း အောင်း တတ်၏။ မိုက် မဲ သူ တို့ ၏ အ တွင်း သ ဘော မူ ကား၊ ထင် ရှား လိမ့် မည်။