သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။
သို့ ဖြစ်၍ မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ မ စိုး ရိမ် ကြ နှင့်။ထို အ ရာ အ လုံး စုံ ကို လူ မျိုး ခြား တို့ ရှာ ကြံ တတ် ကြ၏။ သင် တို့၌ ကား လို သော အ ရာ များ ဖြစ် ကြောင်း ကို ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ သိ တော် မူ သ တည်း။
စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း၊ ကျီ သွင်း ခြင်း ကင်း သော လေ သ တ္တ ဝါ များ ကို ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ ကျွေး မွေး တော် မူ ကြောင်း ရှု ကြည့် ကြ လော့။ သင် တို့ သည် ထို သ တ္တ ဝါ များ ထက် သာ၍ မြတ် သည် မ ဟုတ် လော့။
ကြဲ လို သူ့ အား မျို စေ့ နှင့် စား နပ် ရိ က္ခာ ကို မ စ သ နား တော် မူ သော အ ရှင် သည် သင် တို့ စိုက် ပျိုး ရန် မျိုး စေ့ ကို များ ပြား စွာ ပေး သ နား လျက် သင် တို့ ဖြောင့် မတ် ခြင်း အ သီး ကို လည်း တိုး ပွား စေ တော် မူ မည့် အ လျောက်၊
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။
ကိုယ် တော် သည်၊ တောင့် တ သော သူ့ ကို ရောင့် ရဲ စေ လျက်၊ ဆာ မွတ် သော သူ့ ကို လည်း၊ ကောင်း သော အ ရာ နှင့် ဝ စေ တော် မူ ၏။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ထာ ဝ ရ ဘု ရား၌ ကိုး စား လျက်၊ ကောင်း မှု ပြု လော့။ နေ ပြည်၌ နေ လျက်၊ သ စ္စာ တ ရား၌ ကျက် စား လော့။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အ သီး အ သီး အိုး စား အ တိုင်း ကောက် ယူ ၍ သြ မဲ တောင်း နှင့် ခြင် ကြ ရာ များ သော သူ၌ မ ပို၊ နည်း သော သူ၌ လည်း မ လို။
မွတ် သိပ် သူ့ အား၊ သင့် အ သက် မွေး စာ ကို ပေး ကမ်း ၍ သူ ဆင်း ရဲ အား၊ ရောင့် ရဲ စေ လျှင် လည်း ကောင်း၊ မှောင် ကျ ရာ တွင် သင့် အ လင်း သည် အာ ရုဏ် တက် လျက်၊ သင့် အ မိုက် တိုက် လည်း မွန်း တည့် သ ဖွယ် ဖြစ် သည့် ပြင်၊
ထို အ ရပ် ကို ယေ ဟော ဝါ ယိရေ ဟု အာ ဗြ ဟံ သ မုတ် သည့် အ တိုင်း ထာ၀ ရ ဘု ရား၏ တောင် တော် ပေါ် မှာ စီ မံ တော် မူ ပြီ ဟု ယ နေ့ တိုင် အောင် ဆို လေ့ ရှိ သ တည်း။
သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
သ ဒ္ဓါ မျက် စိ ရှိ သူ သည်၊ နွမ်း ပါး သူ့ အား အ စာ ကို ပေး ကမ်း တတ် သော ကြောင့်၊ မင်္ဂ လာ ရှိ လိမ့် မည်။
သို့ ဖြစ် ၍ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ ငါ့ ကျွန် တို့ သည် စား သောက် ခွင့် ရ ကြ လိမ့် မည်။ သင် တို့ မူ ကား မွတ် သိပ် ရေ ငတ် ရ ကြ လ တ္တံ့။ ငါ့ ကျွန် တို့ သည် ရွှင် လန်း ခွင့် ရ ကြ လိမ့် မည်။ သင် တို့ မူ ကား ရှက် ကွဲ ရ ကြ လ တ္တံ့။
ကိုယ် တော် က လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။
ကိုယ် တော် က ငါ၏ ကျေး ဇူး သည် သင့် အ ဖို့ လုံ လောက် ပြီ။ ခွန် အား နည်း ရာ ၌ ခွန် အား တန် ခိုး တော် စုံ လင် သည် ဟု မိန့် တော် မူ၏။ သို့ ဖြစ်၍ ငါ့ ကို ခ ရစ် တော်၏ ခွန် အား တန် ခိုး တော် လွှမ်း မိုး စေ ရန် အား နည်း ခြင်း များ ရှိ လျက် ပင် ရွှင် လန်း စွာ ဂုဏ် တင် မည်။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
လယ် တွင် မျိုး ကြဲ ရ စေ ရန် မိုး ရေ ကို လည်း ကောင်း၊ လယ် ထွက် အ နှစ် သာ ရ ပြည့် သော စ ပါး ကို လည်း ကောင်း၊ သ နား တော် မူ သည့် ကာ လ၊ ကျယ် ဝန်း သော စား ကျက် တွင်၊ သိုး နွား များ ကျက် စား ရ ကြ လျက်၊
သင် တို့ သည် ငါ့ ထံ ချဉ်း ကပ် ဟစ် ခေါ် တောင်း လျှောက် ကြ သော အ ခါ၊ ငါ နား ညောင်း သည် နှင့် အ ညီ၊
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။
ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။
သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
အ သို့ ဆို သော်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် က တိ တော် အ တိုင်း ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ မည် ဖြစ် သော ကြောင့်၊ သင် တို့ သည် မြောက် မြား သော လူ မျိုး ခြား တို့ ထံ ချေး ယူ ခြင်း ကင်း လျက်၊ ချေး ငှား ခြင်း ကို လည်း ကောင်း၊ အ အုပ် အ စိုး ခံ ခြင်း ကင်း လျက်၊ အုပ် စိုး ခြင်း ကိုလည်း ကောင်း၊ ပြု ရ ကြ လိမ့် မည်။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။
ဒု က္ခ ရောက် သည့် ကာ လ ငါ့ ကို ပ ဌ နာ ပြု လျှင်၊ ငါ ကယ် လွှတ် သ ဖြင့်၊ ဘုန်း တော် ကို ချီး မြှောက် ခွင့် ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် အား ခန့် ညား ၍၊ က ရု ဏာ တော် ကို စောင့် မျှော် သူ တို့ ကို မျက် မှောက် ပြု လျက်၊ သေ ဘေး မှ ကယ် လွှတ် ခြင်း၊အ စာ ခေါင်း ပါး သည့် ကာ လ၊ အ သက် ရှင် ခြင်း ကို ပေး တော် မူ ၏။
စာ က လေး နှစ် ကောင် ကို ပိုက် ဆံ တစ် ပြား နှင့် ရောင်း ကြ သည် မ ဟုတ် လော။ သင် တို့ အ ဘ ခွင့် ပြု တော် မ မူ ဘဲ တစ် ကောင် မျှ မြေ သို့ မ ကျ ရ။ဖိ လိ ပ္ပု နှင့် ဗာ သော လ မဲ၊ သော မ နှင့် အ ခွန် ကောက် မဿဲ၊သင် တို့၏ ဦး ဆံ ရှိ သ မျှ ကို ပင် ရေ တွက် လျက် ထား တော် မူ၏။သို့ ဖြစ်၍ မ ကြောက် ကြ နှင့်။ စာ က လေး အ များ ထက် သင် တို့ သည် မြတ်၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
လမ်း ခ ရီး ၌ စောင့် ရှောက် ၍ ငါ အ သင့် ထား သော ဒေ သ သို့ ပို့ ဆောင် စေ ခြင်း ငှါ စေ တ မန် တော် ကို သင် တို့ ရှေ့ က လွှတ် ခဲ့ ပြီ။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။
လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ကို သိ ကြ စေ ခြင်း ငှါ၊ သင် တို့ ကို နှိမ့် ချ၍ မွတ် သိပ် စေ တော် မူ သော အ ခါ၊ သင် တို့ သော် လည်း ကောင်း၊ ဘိုး ဘေး များ သော် လည်း ကောင်း၊ မ သိ ဘူး သော မ န္န မုန့် နှင့် ကျွေး မွေး တော် မူ သည့် ပြင်၊
သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု၍ သင့် စား ဖွယ် သောက် ရာ ကို ကောင်း ကြီး ပေး တော် မူ မည်။ အ နာ ရော ဂါ ကို လည်း သင် တို့ ဘောင် မှ ငါ ဖယ် တော် မူ မည်။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
အ ချိန် တန် လျှင်၊ ရှိ ရှိ သ မျှ တို့ သည်၊ ကျွေး မွေး တော် မူ စေ ရန်၊ ကိုယ် တော် ကို စောင့် မျှော် လျက်၊ချ ပေး တော် မူ သော်၊ သိမ်း ယူ ခွင့်၊ လက် တော် ဖွင့် တော် မူ သော်၊ ကောင်း သော အ ရာ နှင့် ရောင့် ရဲ ခွင့် ရ ကြ ပါ ၏။
ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို အ စဉ် လမ်း ပြ ခြင်း၊ ရေ ခေါင် သော ကာ လ၊ အာ ရုံ ပြေ ခြင်း၊ အ ရိုး သန် မာ စေ ခြင်း များ ကို ပြု သ ဖြင့်၊ ရေ သွင်း သော ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ မ ကုန် မ ခန်း နိုင် သော စမ်း ရေ ကဲ့ သို့ လည်း ကောင်း သင် ဖြစ် လိမ့် မည်။
သူ တော် ကောင်း၏ စိတ် ဝိ ညာဉ် ကို၊ ထာ ဝ ရ ဘု ရား မွတ် သိပ် စေ တော် မ မူ။ လူ ဆိုး တို့၏ အ လို ရှိ ရာ ကို ကား၊ ပယ် ပ တော် မူ ၏။
ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
အ ခြား ကို မ ဟုတ်။ ထာ ဝ ရ ဘု ရား ကို သာ၊ အား ထား ကိုး စား သူ ကား၊ မင်္ဂ လာ ရှိ ၏။ထို သူ သည် မြောင်း အ နီး စိုက်၍၊ ရေ သို့ အ မြစ် ကျ သ ဖြင့်၊ နွေ ဥ တု ကို မ ကြောက်၊ အ ရွက် စိမ်း လန်း လျက်၊ မိုး ခေါင် သော နှစ် တွင် မ စိုး ရိမ် ဘဲ၊ ဆယ့် နှစ် ရာ သီ သီး သော အ ပင် နှင့် တူ လိမ့် မည်။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
ကိုယ် တော် ကို ခပ် သိမ်း သော သ တ္တ ဝါ တို့ သည် မျှော် ကြည့် သည့် အ လျောက်၊ အ ချိန် တန် သော် ကျွေး မွေး တော် မူ ပါ ၏။လက် တော် ကို ဖွင့် လျက်၊ ဇိ ဝ ရှိ အ ပေါင်း တို့ ကို ကျေး ဇူး တော် နှင့် ရောင့် ရဲ စေ တော် မူ၏။
ခြင်္သေ့ ပျို များ သည်၊ စား ရာ မဲ့ ၍ ငတ် မွတ် ရ သော် လည်း၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ ၌၊ အ ကောင်း ဆို သ မျှ လို လေ သေး မ ရှိ ရ။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ဖြောင့် မတ် သူ သည် ကိုး ရာ မဲ့ လျက်၊ သူ့ သား မြေး တို့ လည်း တောင်း စား လျက် နေ ရ ကြ သည် ကို၊ ငယ် ရွယ် စဉ် မှ စ၍၊ ယ ခု အို မင်း သည့် ကာ လ တိုင် အောင်၊ ငါ မ မြင် ရ စ ဖူး။
သူ သည် စွန့် ကြဲ ပြီ၊ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ၊ သူ့ ဖြောင့် မတ် ခြင်း သည် ကာ လ အ စဉ် တည်၏ ဟူ သော ကျမ်း ချက် အ ရ သင် တို့ သည် အ ခါ ခပ် သိမ်း စည်း စိမ် ချမ်း သာ လုံ လောက် သ ဖြင့် ကောင်း မှု အ မျိုး မျိုး ကို ပြု ရ စေ ခြင်း ငှာ ဆု ကျေး ဇူး အ မျိုး မျိုး နှင့် ဘု ရား သ ခင် ကြွယ် ဝ စေ တော် မူ နိုင် ၏။
ထာ ဝ ရ ဘု ရား က ဤ လူ မျိုး သည် ငါ့ ပ ညတ် တ ရား အ တိုင်း လျှောက် လိုက် မည် မ လိုက် မည် ကို စမ်း ခြင်း အ လို့ ငှါ သင် တို့ အ ဖို့ မိုး ကောင်း ကင် မှ အ စာ ကို ငါ ကျ ရွာ စေ မည်။ သူ တို့ လည်း ထွက် ၍ တစ် ရက် စာ ကို နေ့ စဉ် ကောက် ယူ ရ မည်။
သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား ကောင်း ရာ ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော။
အို ရေ ငတ် သူ အ ပေါင်း တို့၊ ငွေ မ ရှိ သူ တို့ ပါ ရေ ရှိ ရာ သို့ လာ ကြ လော့။ လာ၍ ဝယ် ယူ စား သောက် ကြ လော့။ အ ဖိုး မဲ့ ငွေ ကင်း လျက်၊ စ ပျစ် ရည် နှင့် နို့ ရည် ကို လာ၍ ဝယ် ကြ လော့။
စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း ကင်း၍ ကျီ ကျ မ ရှိ သော ကျီး များ ကို ဘု ရား သ ခင် ကျွေး မွေး တော် မူ ကြောင်း စဉ်း စား ကြ လော့။ သင် တို့ သည် ငှက် များ ထက် သာ၍ မြတ် သည် တ ကား။
မိန်း မ လည်း၊ ဘု ရား သ ခင့် လူ ယုံ တော် ထံ သွား ရောက် လျှောက် ကြား လျှင်၊ ထို ဆီ ကို ရောင်း၍ ကျွေး မြီ ကို ဆပ် ပြီး နောက် အ ကျန် ဖြင့် သား များ ပါ အ သက် မွေး ကြ လော့ ဟု မိန့် ဆို လေ ၏။
အို ဘု ရား သ ခင်၊ ပ ရိ သတ် တော် ကို နေ ရာ ချ လျက်၊ ဆင်း ရဲ သူ တို့ အ ဖို့၊ ကျေး ဇူး တော် အ လျောက်၊ ပြင် ဆင် တော် မူ ပါ၏။
ထို သူ ရှိ သ မျှ စား၍၀ ကြ သည့် နောက် စား ကြွင်း အ ကျိုး အ ပဲ့ ကို ဆွဲ တောင်း တစ် ဆယ့် နှစ် တောင်း အ ပြည့် ကောက် ရ ကြ၏။
၎င်း ပြင် ကိုယ် တော် က သင် တို့ ကို ငွေ အိတ်၊ လွယ် အိတ်၊ ဖိ နပ် မ ပါ ဘဲ ငါ စေ လွှတ် သည့် ကာ လ တစ် စုံ တစ် ရာ လို ကြ သ လော ဟု မေး တော် မူ သော် မ လို ပါ ကြောင်း ပြန် လျှောက် ကြ ရာ၊
က ရု ဏာ သက် သော အ ရှင် သည် စမ်း ရေ များ အ နီး၊ လမ်း ပြ ပို့ ဆောင် လ တ္တံ့ သော ကြောင့် ရေ ငတ် ခြင်း၊ ဆာ မွတ် ခြင်း ကင်း လျက်၊ လေ ပူ နေ ရှိန် မ ထိ မ ခိုက် ရ။
သူ တော် ကောင်း သည်၊ ရောင့် ရဲ စွာ စား ခွင့် ရှိ၏။ လူ ဆိုး တို့ မူ ကား၊ ဝမ်း ဟာ လျက် ရှိ ကြ ၏။
ထာ ဝ ရ ဘု ရား သည် ငါ့ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ ငါ့ ကို ကယ် ဆယ် ရာ အ ကြောင်း ဖြစ် တော် မူ၏။ ထို ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ၍ ထော မ နာ ပြု ပါ မည်။ ငါ့ အ ဘ၏ ဘုရား သ ခင် ဖြစ် တော် မူ၍ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။
ယ ခု ကာ လ၌ ကြွယ် ဝ သူ တို့ သည် စိတ် နေ မ မြင့် စေ ရန်လည်း ကောင်း၊ မ မြဲ သော ပ စ္စည်း၌ မ ဟုတ်၊ ငါ တို့ မွေ့ လျော် ရာ ရာ ကို ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင်၌ အား ကိုး မျှော် လင့် စေ ရန်လည်း ကောင်း၊
ညှဉ်း ပန်း ခံ ရ သူ တို့ အ ဖို့ တ ရား သ ဖြင့် ဆုံး ဖြတ် လျက်၊ ဆာ မွတ် သူ တို့ ကို ကျွေး မွေး လျက်၊ အ ကျဉ်း ခံ ရ သူ တို့ ကို လွှတ် တော် မူ ၏။
ထာ ဝ ရ ဘု ရား ၏ သန့် ရှင်း သူ တို့၊ ကိုယ် တော် ကို ခန့် ညား ကြ လော့။ ခန့် ညား သူ တို့ ၌၊ လို လေ သေး မ ရှိ ရ။
သာ နာ ညီ မျှ ဖြစ် သည့် အ လျောက် နောင် သူ တစ် ထူး တို့ ကြွယ် ဝ ခြင်း ကြောင့် သင် တို့ ဆင်း ရဲ ခြင်း သက် သာ ရ စေ ခြင်း ငှာ ယ ခု အ ခါ တွင် သင် တို့ ကြွယ် ဝ ခြင်း ကြောင့် သူ တစ် ထူး တို့ ဆင်း ရဲ ခြင်း သက် သာ သ ဖြင့်၊
ငါ စံ နေ လျက်၊ စား နပ် ရိ က္ခာ ကို အ ထူး သ ဖြင့် ငါ ကောင်း ကြီး ပေး၍၊ ဆင်း ရဲ သော မြို့ သား တို့ ကို ဝ စွာ ကျွေး မည်။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
သို့ ရာ တွင်၊ အ ထက် အာ ကာ သ များ အား အ မိန့် ရှိ၍၊ကောင်း ကင် တံ ခါး များ ကို ဖွင့် ရာ၊ စား ရန် မ န္န ကို ရွာ စေ လျက်၊ ကောင်း ကင် ဆန် စ ပါး ကို သ နား တော် မူ သ ဖြင့်၊လူ တို့ သည် တန် ခိုး ရှင် တို့ ဩ ဇာ ကို သုံး ဆောင်၍၊ ဝ ပြော စွာ စား ခွင့် ရ ကြ ၏။
ဤ မြေ ကြီး ပေါ် တွင် ထာ ဝ ရ ဘု ရား မိုး ရွာ စေ တော် မ မူ မ ချင်း၊ အိုး ၌ မုန့် ညက် မ ကုန်၊ ဘူး၌ ဆီ မ လျော့ ရ ဟု ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လျှင်
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
ပေး ကမ်း တတ် သော သူ သည်၊ ကြွယ် ဝ လိမ့် မည်။ ရေ တိုက် သော သူ သည်၊ ရေ သောက် ခွင့် ရှိ ရ လိမ့် မည်။
ထို သို့ သော သူ သည် မြင့် ရာ၌ နေ ထိုင် လျက်၊ ခို လှုံ ရာ ကျောက် တောင် တွင် ခံ တပ် သ ဖွယ် ရ လျက်၊ အ စာ အာ ဟာ ရ ကို ခံ စား ၍ သောက် ရေ ကို လည်း အ မြဲ ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ မိုး ကောင်း ကင် ဘ ဏ္ဍာ တိုက် မြတ် ကို ဖွင့် ထား လျက်၊ ရာ သီ အ လျောက် မိုး ရွာ စေ၍၊ ပြု လေ ရာ ရာ ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ သ ဖြင့်၊ သင် တို့ သည်၊ မြောက် မြား သော လူ မျိုး တို့ ထံ ချေး ယူ ခြင်း ကင်း လျက်၊ ချေး ငှါး ရ ကြ လ တ္တံ့။
အ င်္ကျီ နှစ် ထည် ရှိ သူ သည် မ ရှိ သူ့ အား ဝေ မျှ စေ။ စား ဖွယ် သောက် ရာ ရှိ သူ လည်း ထို နည်း တူ ပြု စေ ဟု ပြန် ဆို၏။
ဣ သ ရေ လ အ မျိုး သား ချင်း တို့ သည် ထို မုန့် ကို မ န္န ဟု ခေါ် ဝေါ် ကြ၏။ နံ နံ စေ့ နှင့် တူ၍ ဖြူ သော အ ရောင် ရှိ လျက် ပျား မုန့် ချပ် အ ရ သာ နှင့် တူ ၏။