ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
၄ ရာ 9:28 - မြန်မာ့စံမီသမ္မာကျမ်း သူ၏အမှုထမ်းတို့သည် သူ့ကို ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်ဆောင်သွားပြီး ဒါဝိဒ်မြို့ရှိသူ့သင်္ချိုင်းတွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။ Common Language Bible သူ၏အမှုထမ်းတို့သည်သူ၏အလောင်းကို စစ်ရထားပေါ်တင်၍ ယေရုရှလင်မြို့သို့ယူ ဆောင်ပြီးလျှင်ဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ Garrad Bible အ လောင်း တော် ကို ယေ ရု ရှ လင် မြို့ သို့ ကျေး ကျွန် တို့ တင် ဆောင် ပြီး လျှင် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ဒါဝိဒ် မြို့ တော် ရှိ ကိုယ့် သင်္ချိုင်း တော်၌ စျာ ပ န ပြု ကြ လေ ၏။ Judson Bible သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။ |
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
သူ၏အမှုထမ်းများဖြစ်သော ရှိမတ်၏သားယောဇကာနှင့် ရှောမာ၏သားယဟောဇဗဒ်တို့ကပင် သူ့ကိုလုပ်ကြံလိုက်ခြင်းဖြစ်၏။ သူသည် အနိစ္စရောက်၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် အမှုဆောင်သောယဇ်ပုရောဟိတ်အားလုံးကို ယဇ်ပလ္လင်ပေါ်တွင် ကွပ်မျက်ပြီး သူတို့အပေါ် လူသေအရိုးတို့ကိုတင်၍ မီးရှို့ပစ်၏။ ထို့နောက်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
ယောရှိမင်းကြီး၏အမှုထမ်းတို့သည် သူ့အလောင်းကို မေဂိဒ္ဒေါအရပ်မှ ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်သွားပြီး သူ့သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော် ယောခတ်ကို ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
ယောရံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်လေ၏။ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထို့နောက် အာခဇိမင်းကြီးကို လိုက်ရှာရာ ရှမာရိမြို့၌ပုန်းနေစဉ် သူ့ကိုဖမ်းမိ၍ ယေဟုထံ ခေါ်ဆောင်လာရာ ယေဟုသည် သူ့ကိုကွပ်မျက်ပြီးလျှင် “သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်မင်းကြီး၏မြေးတော်ဖြစ်သည်”ဟု ဆို၍ သူ့ကိုသင်္ဂြိုဟ်ပေးကြ၏။ အာခဇိမင်းကြီး၏အမျိုးအနွယ်တို့တွင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မျှမရှိ။
သူ့အလောင်းကို မြင်းဖြင့် ပြန်သယ်လာပြီး ယုဒမြို့တွင် ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြ၏။
ထို့ကြောင့် ရဲမက်တို့သည် သူ့ကို စစ်ရထားပေါ်မှချ၍ အခြားစစ်ရထားတစ်ခုပေါ်သို့တင်ကာ ဂျေရုဆလင်မြို့သို့ ပြန်ခေါ်ဆောင်လာ၏။ မင်းကြီးအနိစ္စရောက်၍ ဘိုးဘေးတို့၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောရှိမင်းကြီးအတွက် ငိုကြွေးမြည်တမ်းကြလေ၏။