ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
၄ ရာ 9:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေဟုက လေးကိုအားကုန်တင်ပြီး ယဟောရံမင်းကြီး၏လက်ပြင်ကြားကို ပစ်လိုက်ရာ မြားသည် သူ၏နှလုံးကိုထုတ်ချင်းဖောက်သွားသဖြင့် သူသည် ရထားပေါ်၌ပင် လဲကျသွားလေ၏။ Common Language Bible ယေဟုသည်မိမိ၏လေးကိုယူပြီးလျှင် အား ကုန်ဆွဲ၍မြားတစ်လက်ကိုပစ်လွှတ်လိုက်ရာ ယောရံ၏ကျောမှနှလုံးအထိခွင်းဖောက် သဖြင့် ယောရံသည်ရထားပေါ်၌ပင်လဲကျ သေဆုံးလေသည်။- Garrad Bible ယေ ဟု စွဲ ကိုင် ပစ် ခတ် သော မြှား သည် ယော ရံ မင်း၏ လက် ပြင် ကြား မှ နှ လုံး ထိ ခွင်း ဖောက် သ ဖြင့် ရ ထား တော် ပေါ် တွင် ယော ရံ မင်း ကျ ဆုံး သော် Judson Bible ယေဟုသည်လည်း လေးကိုတင်၍ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာ မှန်၏။ မြားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာလဲနေ၏။ |
ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
“အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။
စစ်သည်တစ်ဦးသည် လေးကိုအမှတ်တမဲ့ပစ်ထည့်လိုက်ရာ အစ္စရေးဘုရင်ဝတ်ထားသောသံချပ်အင်္ကျီ၏ဆက်ရာကြားတွင် ထိမှန်လေ၏။ ထိုအခါ ရှင်ဘုရင်က မိမိစစ်ရထားမှူးအား “ရထားကိုပြန်လှည့်ပြီး စစ်မြေပြင်မှထွက်သွားလော့။ ငါဒဏ်ရာရနေပြီ”ဟု အမိန့်ပေး၏။
ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်၏။ စစ်ရထားပေါ်တွင် ရှင်ဘုရင်ကို ဆီးရီးယားတပ်ဘက်သို့ မျက်နှာမူစေပြီး မှီထိုင်စေ၏။ ညနေခင်းအချိန်တွင် ရှင်ဘုရင်အနိစ္စရောက်၍ ဒဏ်ရာမှသွေးများလည်း စစ်ရထားကြမ်းပြင်အထိ စီးကျ၏။
ထိုအခါ သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြလျက် “ရှင်ဘုရင်နှစ်ပါးပင်လျှင် သူ့ကို မခုခံနိုင်။ အကျွန်ုပ်တို့လည်း သူ့ကို မည်သို့ခုခံနိုင်မည်နည်း”ဟု ဆိုကြ၏။
နံနက်ရောက်သော် ယေဟုသည် ထွက်လာပြီး မြို့တံခါးဝ၌ရပ်လျက် လူအပေါင်းတို့အား “သင်တို့ ဖြောင့်မတ်ကြပါပေ၏။ ငါမူကား ငါ့သခင်ကို လုပ်ကြံသတ်ဖြတ်ခဲ့၏။ ဤသူအားလုံးကိုကား မည်သူသတ်သနည်း။
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
တစ်စုံတစ်ယောက်က သူ့အား ‘သင့်လက်နှစ်ဖက်မှ ဒဏ်ရာများကား မည်သို့နည်း’ဟု မေးလျှင် သူက ‘ငါ့မိတ်ဆွေအိမ်မှရသောဒဏ်ရာဖြစ်၏’ဟု ဆိုလိမ့်မည်”ဟု မိန့်တော်မူ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။