၄ ရာ 9:21 - မြန်မာ့စံမီသမ္မာကျမ်း
ထိုအခါ ယဟောရံမင်းကြီးက “အသင့်ပြင်ကြလော့”ဟု အမိန့်ပေးသဖြင့် သူ၏စစ်ရထားကို အသင့်ပြင်ပေးကြ၏။ ထိုအခါ အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့် ယုဒဘုရင်အာခဇိမင်းကြီးတို့သည် အသီးသီးစစ်ရထားစီး၍ ယေဟုနှင့် တွေ့ဆုံရန် ထွက်သွားရာ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ဆုံကြ၏။
အခန်းကိုကြည့်ပါ။
ယောရံက``ငါ၏စစ်ရထားကိုအသင့်ပြင် လော့'' ဟုအမိန့်ပေး၏။ အသင့်ရှိသောအခါ သူနှင့်အာခဇိမင်းသည် စစ်ရထားကိုယ်စီစီး ၍ယေဟုနှင့်တွေ့ဆုံရန်ထွက်သွားကြ၏။ သူ တို့သည်နာဗုတ်၏မြေသို့ရောက်သောအခါ ယေဟုနှင့်ဆုံမိကြ၏။-
အခန်းကိုကြည့်ပါ။
ယော ရံ မင်း က၊ ရ ထား တော် က လော့ ဟု မိန့် ဆို သည့် အ တိုင်း က ပြီး မှ ဣ သ ရေ လ ဘု ရင် ယော ရံ မင်း နှင့် ယု ဒ ဘု ရင် အာ ခ ဇိ မင်း တို့ သည် ကိုယ် စီ ရ ထား တော် စီး လျက် ယေ ဟု ကို တွေ့ ဆုံ ရန် ထွက် ကြ ရာ ယေ ဇ ရေ လ မြို့ သား နာ ဗုတ်၏ မြေ ကွက် တွင် တွေ့ ကြ လေ ၏။
အခန်းကိုကြည့်ပါ။
ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင်လော့ဟု ဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင် ယောရံနှင့် ယုဒရှင်ဘုရင်အာခဇိတို့သည် ရထားတော်တစ်ခုစီစီးလျက် ယေဟုကို ဆီးကြိုမည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏မြေကွက်တွင် တွေ့ကြ၏။
အခန်းကိုကြည့်ပါ။