Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 20:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထိုအခါ အာဟပ်​မင်းကြီး​က “​မည်သူ့​အားဖြင့်​နည်း​”​ဟု မေး​လျှင် ပရောဖက်​က​လည်း “​ထာဝရဘုရား​က ‘​နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​အားဖြင့် ဖြစ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပါ​၏​”​ဟု ဆင့်ဆို​၏​။ အာဟပ်​မင်းကြီး​က​လည်း “​မည်သူ​က စတင်​တိုက်ပွဲဝင်​ရ​မည်နည်း​”​ဟု မေး​လျှင် ပရောဖက်​က “​အရှင်မင်းကြီး ဖြစ်​၏​”​ဟု ပြန်ဖြေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 အာ​ဟပ်​က``အ​ဘယ်​သူ​ခေါင်း​ဆောင်​၍​တိုက်​ခိုက် ပါ​မည်​နည်း'' ဟု​မေး​၏။ ပ​ရော​ဖက်​က``နယ်​မြေ​ဘု​ရင်​ခံ​များ​၏​လက် အောက်​ရှိ​စစ်​လု​လင်​တို့​ကို​ခေါင်း​ဆောင်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို ပြန်​၏။ မင်း​ကြီး​က``တပ်​မ​တော်​ကြီး​ကို​အ​ဘယ်​သူ ကွပ်​ကဲ​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှင်၊- ``ဘု​ရင်​မင်း​ကိုယ်​တိုင်​ဖြစ်​ပါ​သည်'' ဟု ပ​ရော​ဖက်​က​ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အာ ဟပ် မင်း က လည်း၊ မည် သူ့ လက် ဖြင့် ပါ နည်း ဟု မေး လျှောက် ရာ၊ အ ဝေး ဝန် တို့၏ အ စေ အ ပါ များ လက် ဖြင့် တည်း ဟု ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို ဆင့် ဆို ပြန် သည့် ကာ လ စ တင် တိုက် ခိုက် ရ မည် ကား မည် သည့် ဘက် က ပါ နည်း ဟု မေး လျှောက် သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အာ​ဟပ်​က​လည်း၊ အ​ဘယ်​သူ​အား​ဖြင့် အပ်​တော်​မူ​မည်​နည်း​ဟု မေး​လျှင်၊ မြို့​ဝန်​များ၏​လု​လင်​တို့​အား​ဖြင့် အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ စစ်​မှု​ကို အ​ဘယ်​သူ​စီ​ရင်​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ မင်း​ကြီး​ကိုယ်​တိုင် စီ​ရင်​ရ​မည်​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 20:14
8 ပူးပေါင်းရင်းမြစ်များ  

ခုနစ်​ကြိမ်​မြောက်​တွင် ငယ်သား​က “​လက်တစ်ဝါးစာ​မိုးတိမ်​တစ်​ခု ပင်လယ်​ဘက်​မှ​တက်လာ​သည်​ကို တွေ့​ပါ​ပြီ​”​ဟု ဆို​၏​။ ထိုအခါ ဧလိယ​က “​အာဟပ်​မင်းကြီး​ထံ​သွား​၍ ‘​ရထား​အသင့်ပြင်​ပြီး ပြန်​ဆင်းသွား​လော့​။ မိုးကြီး​၍​မ​ပြန်​နိုင်​မည်​ကို စိုး​ရ​ပါ​သည်​’​ဟူ၍ ပြောကြား​လော့​”​ဟု ဆို​၏​။


ထိုအခါ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ထံသို့ ပရောဖက်​တစ်​ပါး ရောက်လာ​ပြီး “​ထာဝရဘုရား​က ‘​ဤ​စစ်သည်ထု​ကြီး​ကို သင်​မြင်​သလော​။ ယနေ့ သူ​တို့​ကို သင့်​လက်​သို့ အပ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​၏​။


ထိုအခါ အာဟပ်​မင်းကြီး​သည် နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​ကို ရေတွက်​ကြည့်​ရာ တပ်သား​နှစ်ရာ​သုံးဆယ့်​နှစ်​ယောက်​ရှိ​သည်​ကို တွေ့​ရ​၏​။ ထို့ပြင် အစ္စရေး​တပ်သား​အားလုံး​ကို​ပါ ရေတွက်​ကြည့်​ရာ အားလုံးပေါင်း အယောက်​ခုနစ်​ထောင်​ရှိ​၏​။


နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​သည် ရှေ့ဆုံး​မှ​ချီတက်​လာ​ကြ​၏​။ ဗင်္ဟာဒဒ်​မင်းကြီး​လည်း ကင်းထောက်​တို့​ကို​စေလွှတ်​ရာ သူ​တို့​က ရှင်ဘုရင်​အား “​ရှမာရိ​မြို့​မှ လူ​များ ထွက်လာ​နေ​ပါ​သည်​”​ဟု သတင်းပို့​ကြ​၏​။


ဤသို့ဖြင့် ဒါဝိဒ်​သည် လောက်လွှဲ​တစ်​ခု​၊ ကျောက်​တစ်​လုံး​ဖြင့် ထို​ဖိလိတ္တိ​ပြည်သား​ကို အနိုင်ရ​ခဲ့​၏​။ လက်​ထဲ​တွင် ဓား​မ​ပါ​ဘဲ ဒါဝိဒ်​သည် ထို​ဖိလိတ္တိ​ပြည်သား​ကို တိုက်ခိုက်​သတ်ဖြတ်​နိုင်​ခဲ့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ