တေကောမြို့သူ ထိုအမျိုးသမီးသည် ရှင်ဘုရင်ထံသွား၍ မြေပေါ်ပျပ်ဝပ်ဦးညွှတ်လျက် “အရှင်မင်းကြီး၊ ကယ်မတော်မူပါ”ဟု လျှောက်၏။
၄ ရာ 8:3 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်နှစ်ကုန်ဆုံးသွားသော် ထိုအမျိုးသမီးသည် ဖိလိတ္တိပြည်မှပြန်လာပြီး မိမိအိမ်နှင့်မြေကို ပြန်ရရန်အတွက် ရှင်ဘုရင်ထံ သွားရောက်အသနားခံ၏။ Common Language Bible ခုနစ်နှစ်စေ့သောအခါသူသည်ဣသရေလ ပြည်သို့ပြန်လာပြီးလျှင် မင်းကြီးထံသို့သွား ၍မိမိ၏အိမ်နှင့်မြေကိုပြန်လည်ပေးသနား တော်မူရန်လျှောက်ထား၏။- Garrad Bible ခု နစ် နှစ် စေ့ သ ဖြင့် ဖိ လိ တ္တိ ပြည် မှ ပြန် လာ သော အ ခါ ကိုယ့် အိမ် မြေ ကို ရ အံ့ သော ငှါ ဘု ရင် မင်း ထံ အ သ နား ခံ ဝင် ရောက် စဉ် Judson Bible ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံမည့်အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။ |
တေကောမြို့သူ ထိုအမျိုးသမီးသည် ရှင်ဘုရင်ထံသွား၍ မြေပေါ်ပျပ်ဝပ်ဦးညွှတ်လျက် “အရှင်မင်းကြီး၊ ကယ်မတော်မူပါ”ဟု လျှောက်၏။
ထိုအခါ ဧလိရှဲက မိမိငယ်သားအား “ထိုအမျိုးသမီးကိုပြောလော့။ သင်သည် ဤမျှလောက် ငါတို့ကိုဂရုတစိုက်ပြုစု၏။ ငါတို့က သင့်အဖို့ မည်သို့ပြုပေးရမည်နည်း။ ရှင်ဘုရင်ထံဖြစ်စေ၊ စစ်သူကြီးထံဖြစ်စေ လျှောက်တင်ပေးစရာ တစ်စုံတစ်ခုရှိသလော”ဟု မေးစေလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် အကျွန်ုပ်လူမျိုးများနှင့်အတူ နေရသည်ဖြစ်၍ လိုလေသေးမရှိပါ”ဟု ပြန်လျှောက်၏။
အစ္စရေးဘုရင်သည် မြို့ရိုးပေါ်တွင်ဖြတ်လျှောက်စဉ် အမျိုးသမီးတစ်ဦးက သူ့အား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်ကို ကယ်တော်မူပါ”ဟု အော်ဟစ်၏။
ထိုအမျိုးသမီးလည်း ဘုရားသခင်၏လူပြောသည့်အတိုင်း ထ၍မိမိအိမ်သားတို့နှင့်အတူ ထွက်သွားပြီး ဖိလိတ္တိပြည်တွင် ခုနစ်နှစ်တည်းခိုနေထိုင်လေ၏။
ထိုစဉ် ရှင်ဘုရင်သည် ဘုရားသခင့်လူ၏ငယ်သားဂေဟာဇိနှင့် စကားပြောဆိုလျက် ရှိနေ၏။ ရှင်ဘုရင်က “ဧလိရှဲပြုခဲ့သည့် အံ့ဖွယ်အမှုအလုံးစုံကို ငါ့အားကြားလျှောက်ပါ”ဟု မိန့်ဆိုလျှင်
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား မေးမြန်းလျှင် ထိုအမျိုးသမီးသည်လည်း အကြောင်းစုံကိုလျှောက်တင်၏။ ထို့ကြောင့် ရှင်ဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဤအမျိုးသမီးပိုင်ဆိုင်သမျှနှင့် သူထွက်သွားစဉ်ကစပြီး ယခုတိုင် သူ့မြေမှထွက်သမျှတို့ကို သူ့အားပြန်ပေးပါ”ဟု မိန့်ဆို၏။
ဆင်းရဲနွမ်းပါးသူတို့၏အမှုကို တရားသဖြင့်စီရင်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။ ဤသည်ကား ငါ့ကိုသိကျွမ်းခြင်းကြောင့်ပင်မဟုတ်လော”ဟု မိန့်တော်မူ၏။
ထို့နောက် ချွေးမနှစ်ယောက်နှင့်အတူ လက်ရှိနေထိုင်ရာအရပ်မှ ယုဒပြည်သို့ ခရီးပြုထွက်ခွာလာကြ၏။