သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
၄ ရာ 8:22 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယုဒပြည်၏လက်အောက်ခံဖြစ်သောဧဒုံပြည်သည် ယုဒပြည်ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် လိဗနပြည်လည်း ယုဒပြည်ကို ပုန်ကန်၏။ Common Language Bible ထိုအခါမှအစပြု၍ယခုတိုင်ဧဒုံပြည် သည် ယုဒသြဇာခံမဟုတ်တော့ဘဲလွတ်လပ် သောနိုင်ငံဖြစ်လာလေသည်။ ထိုအချိန်ကာလ ၌လိဗနမြို့သည်လည်းပုန်ကန်လေ၏။ Garrad Bible ယု ဒ ဘု ရင့် လက် အောက် ခံ ဖြစ် သော ဧ ဒုံ လူ မျိုး သည် ယ နေ့ တိုင် အောင် ခြား နား လေ ၏။ လိ ဗ န မြို့ လည်း ထို ကာ လ ပုန် ကန် လေ ၏။ Judson Bible သို့သော်လည်း၊ ဧဒုံပြည်သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။ ထိုကာလ၌လိဗနပြည်သည်လည်း ပုန်ကန်၏။ |
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။
ကျန်ရှိနေသော ယောရံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယဟောရံမင်းကြီးသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်၏လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် သူ့ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ခံဖြစ်သော လိဗနပြည်သည်လည်း သူ့ကိုပုန်ကန်လေ၏။
အကြောင်းမူကား ဧဒုံအမျိုးသားတို့သည် နောက်တစ်ဖန် ချီလာ၍ ယုဒပြည်ကိုတိုက်ခိုက်ပြီး သုံ့ပန်းများကိုဖမ်းဆီးခေါ်ဆောင်သွားကြ၏။
ဇေဒကိသည် အသက်နှစ်ဆယ့်တစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ တစ်ဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
ဟေဗြုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ လိဗနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေး၏။ (ဟေဗြုန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)