ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
၄ ရာ 6:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုနောက်ပိုင်းတွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် သူ၏စစ်သည်အပေါင်းတို့ကိုစုဆောင်းပြီး စစ်ချီလာ၍ ရှမာရိမြို့ကို ဝိုင်းထား၏။ Common Language Bible ကာလအနည်းငယ်ကြာသောအခါရှုရိဘုရင် ဗင်္ဟာဒဒ်သည် ဣသရေလပြည်သို့မိမိ၏တပ်မ တော်တစ်ခုလုံးနှင့်ချီတက်၍ရှမာရိမြို့ကို ဝိုင်းရံထားသဖြင့်၊- Garrad Bible ထို အ ခြင်း အ ရာ နောက် ရှု ရိ ဘု ရင် ဗ ဟာ ဒဒ် မင်း သည် အ လုံး အ ရင်း တို့ ကို စု ရုံး စေ၍ ရှ မာ ရိ မြို့ သို့ ချီ တက် ဝိုင်း ထား သ ဖြင့်၊ Judson Bible နောက်တစ်ဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။ |
ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
ဆီးရီးယားဘုရင်သည် မိမိ၏စစ်ရထားမှူးသုံးဆယ့်နှစ်ယောက်အား “အစ္စရေးဘုရင်မှလွဲ၍ အခြားကြီးကြီးငယ်ငယ်တစ်ယောက်ကိုမျှ မတိုက်ကြပါနှင့်”ဟု မိန့်မှာထား၏။
ထို့နောက် အဆီးရီးယားဘုရင်သည် အစ္စရေးပြည်တစ်ပြည်လုံးသို့ ဝင်ရောက်ကျူးကျော်ပြီး ရှမာရိမြို့သို့ ချီတက်သွား၍ မြို့ကိုသုံးနှစ်မျှဝိုင်းရံထား၏။
ဟေဇကိမင်းကြီး နန်းစံလေးနှစ်၊ ဧလာမင်းကြီး၏သားတော် အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံခုနစ်နှစ်တွင် အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီးသည်စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းရံထားပြီး
ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ဆီးရီးယားဘုရင်သည် အစ္စရေးဘုရင်နှင့် စစ်တိုက်ရန် တစ်ဖန်ချီလာ၍ စခန်းချရမည့်နေရာကို မိမိအမှုထမ်းတို့နှင့် တိုင်ပင်ပြီး “ဤနေရာ၊ ဤနေရာတို့တွင် စခန်းချမည်”ဟု မိန့်ဆို၏။
မြို့ထဲသို့ဝင်မည်ဆိုလျှင်လည်း မြို့ထဲမှငတ်မွတ်ခြင်းဘေးကြောင့် သေရလိမ့်မည်။ ဤနေရာမှာ ထိုင်နေလျှင်လည်း သေရမည်။ ထို့ကြောင့် ယခု ဆီးရီးယားတပ်စခန်းသို့ သွားကြစို့။ သူတို့က အသက်ချမ်းသာပေးလျှင် ငါတို့အသက်ရှင်ရမည်။ သူတို့သတ်လျှင်လည်း ငါတို့ သေရမည်”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
ထို့နောက် ဧလိရှဲသည် ဒမတ်စကပ်မြို့သို့သွားရာ ထိုအချိန်တွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် နာမကျန်းဖြစ်နေ၏။ ထိုအခါ သူ့အား “ဘုရားသခင်၏လူ ဤမြို့သို့ရောက်နေပါ၏”ဟု လျှောက်တင်လျှင်
လူအနည်းငယ်သာရှိသောမြို့ငယ်တစ်မြို့ရှိ၏။ ကြီးမြတ်သောရှင်ဘုရင်တစ်ပါးသည် ထိုမြို့ကိုတိုက်ရန် ချီတက်လာ၍ ထိုမြို့ကိုဝိုင်းရံထားကာ မြို့ပတ်လည်၌ ကြီးမားသောကတုတ်ကို တည်ဆောက်လေ၏။
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
သင်ယုံကြည်ကိုးစားသော သင့်ပြည်တစ်ပြည်လုံးရှိမြို့အားလုံး၏မြင့်မားခိုင်ခံ့သောမြို့ရိုးများ မပြိုကျမချင်း သူတို့သည် သင့်ကိုဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်တစ်ပြည်လုံးရှိမြို့အားလုံးကို သူတို့ဝိုင်းထားလိမ့်မည်။